တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ပွဲကျစေခဲ့တဲ့ Costa Rica အလှမယ်ရဲ့ အကြံပေးစကား

Fox News

၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ ဆုရသူကို လူမှားပြီး ကြေညာခဲ့တဲ့ဖြစ်ရပ်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။

Steve Harvey ဟာ Miss Universe ပြိုင်ပွဲတွေအတွက် ပင်တိုင်အစီအစဉ်တင်ဆက်သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ လူဆိုတာ အမှားနဲ့မကင်းဘူးဆိုတာ မှန်ကန်ပေမယ့် ကိုယ့်အမှားကြောင့် သူတစ်ပါးရဲ့စိတ်ကူးအိပ်မက်နဲ့ ပျော်ရွှင်မှုတွေကို ရိုက်ချိုးသလိုဖြစ်သွားခဲ့မယ်ဆိုရင်တော့ အဆင်မပြေပါဘူး။

Fox News

၂၀၁၅ ခုနှစ်ရဲ့ Miss Universe ဆုကို နောက်ဆုံးအနေဖြင့် ကြေညာချိန်မှာ အနိုင်ရသူ ဖိလစ်ပိုင်အလှမယ်အစား ကိုလံဘီယာအလှမယ်ဆိုပြီး မှားကြေညာမိခဲ့တဲ့သူဟာ Steve Harvey ပါ။

(၃)နှစ်လောက် အကြာအပြီးမှာလည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ အခိုက်အတန့်မှာ မှားယွင်းမိခဲ့တဲ့ အမှားကြီးဟာ Steve ကို ဆက်လက်ခြောက်လှန့်နေတုန်းပါပဲ။

၂၀၁၈ မှာ ပြုလုပ်ခဲ့တဲ့ Miss Universe ပွဲမှာလည်း Steve က အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့ပါတယ်။ အလှမယ်တွေကို မေးခွန်းမေးတာ၊ စကားပြောတာကအစ Steve နဲ့အတူတကွ လုပ်ဆောင်ကြရပါတယ်။ ပြိုင်ပွဲမှာ စံကာတင်အယောက် (၂၀) ထဲ အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်တဲ့ အလှမယ်တစ်ဦးပါဝင်လာပါတယ်။

READ
ပီဇာဘူးကို မဟုတ်တာလုပ်ခဲ့လို့ ထောင်ဒဏ် (၁၈) နှစ် ရင်ဆိုင်နေရပြီဖြစ်တဲ့ ပီဇာပို့သမား
Publinews
Purepeople

သူမကတော့ Miss Costa Rica ဖြစ်သူ Natalia Carvajal ပါ။ နောက်ဆုံးအဆင့်မှာ ပါဝင်မယ့်လူကို ရွေးချယ်ဖို့အတွက် Natalia ကို Steve က မေးခွန်းမေးအပြီး “အစီအစဉ်တင်ဆက်သူအချင်းချင်း ဘာအကြံများငါ့ကိုပေးချင်လဲ” လို့ ဆရာကြီးလေသံနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီမေးခွန်းဟာ သူ့ကိုယ်သူ ကြိုးကွင်းပြန်စွပ်မယ့် မေးခွန်းမှန်း Steve သိဟန်မပေါ်ခဲ့ပါဘူး။

Fox News

Steve မေးတဲ့မေးခွန်းကို Natalia က “သူများတွေကြားမှာစိုးလို့ နှစ်ကိုယ်ကြားပြောမယ်” ဆိုပြီး အစချီကာ “နောက်တစ်ခါ အရေးကြီးတဲ့ စာအိတ်ကို ဖွင့်ဖတ်ရင် သေသေချာချာဖတ်ပြီးမှ ပါးစပ်က ကြေညာပါနော်” လို့ (၂၀၁၅) တုန်းက ကိုလံဘီယာအလှမယ်ကို မှားကြေညာခဲ့လို့ အရှက်ရစေသလို ဖြစ်သွားခဲ့တဲ့ကိစ္စကို ရည်ညွှန်းကာ ရယ်ရယ်မောမောနဲ့ ပြန်ဖြေခဲ့ပါတယ်။

Fox News
Fox News
Fox News

Steve တစ်ယောက် Natalia ရဲ့ စကားကြောင့် စင်ပေါ်မှာ တစ်မိနစ်လောက် ဆွံ့အသွားခဲ့ပါတယ်။ အနောက်ဖက်မှာ ရပ်နေတဲ့ အခြားအလှမယ်တွေရော အောက်က ပရိတ်သတ်တွေပါ Natalia ရဲ့ စကားကြောင့် ပွဲကျခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ ကမ္ဘာကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ကို စကားလုံးနဲ့ အနိုင်ယူခဲ့တဲ့ Natalia ကို ချီးကျူးခဲ့ကြ ပြီး တောင်အမေရိကသူပီသစွာနဲ့ (၂၀၁၅)ခုနှစ်က အရှက်တကွဲဖြစ်ခဲ့ရတဲ့ ကိုလံဘီယာအလှမယ်အတွက် လက်စားချေပေး လိုက်နိုင်ပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

READ
ကလေးမွေးလိုက်လို့ စပွန်ဆာရပ်ခဲ့တဲ့အပေါ်ဝေဖန်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်ရေလှိုင်းစီးသူ
Fox News

Source: Daily Mail , Hollywood Life

Penny

SHARE