ဆန္ဒပြသူတွေကို ထောက်ခံမိလို့ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ Miss Grand Thailand 2020

Image:IG/nam_chantarapadit

Miss Grand Thailand 2020 ပြိုင်ပွဲကြီးကိုတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ပြိုင်ပွဲကိုတော့ စက်တင်ဘာ (၂၀) ရက်နေ့က မှ ကျင်းပပြီးစီးခဲ့တာပါ။ဒီပြိုင်ပွဲမှာတော့ အသက် (၂၂)နှစ်အရွယ် Pacharaporn “Nam” Chantarapadit က သ ရဖူကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။Crown ရပြီး လို့ သိပ် မကြာခင်မှာပဲ သူမက တော့ လက်ရှိမှာ ဝေဖန်တိုက်ခိုက်မှု ပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ဒီအ ကြောင်းကိုတော့ nationthailand နဲ့ khaosoden glish တို့ မှာ ဖော်ပြထားတာပါ။

ထိုင်းနိုင်ငံမှာတော့ လက်ရှိမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြ ပွဲ တွေ ဆင်နွှဲ နေကြတာကို အားလုံးပဲ သိကြမှာပါ။သူမက တော့ အ မေးအ ဖြေအစီအစဉ်မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ ဆန္ဒပြ ပွဲတွေ နဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်ကို ပြောပြ ပေးဖို့ အ မေးခံခဲ့ရပါတယ်။အဲ့ဒီမှာတော့ သူမက “ ကျွန်မ ရဲ့ နှလုံးသားထဲက နေ ဆန္ဒပြ သူတွေ ကိုပဲ ရွေးချယ်ပါတယ်။ကျွန်မ တို့ရဲ့ အမြင် တွေကို ဖော်ပြ လို့ ရတဲ့ အခွင့် အ ရေး ကျွန်မ တို့ မှာ ရှိတယ်။ကျွန်မ တို့ နိုင်ငံ အတွက် ကျွန်မ တို့  အ ကောင်းဆုံး ရွေးချယ် ပေးချင်တယ်။ဒီနိုင်ငံကို ထိုင်းနိုင်ငံ လို့ ခေါ် တယ်ဆိုရင် ကျွန်မ တို့ မှာ စစ်မှန်တဲ့ ဒီမိုက ရေ စီ လို အပ် နေတယ်။ကျွန်မ တို့ အ နေနဲ့ ရှင်တို့ကို ဒီနိုင်ငံ ထဲက နေ ထွက်သွားဖို့ လိုလားတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

အလှမယ်တစ်ယောက် ဖြစ်ပေမယ့် အခုလို မျိုး မ ကောင်းတဲ့ Negative Comment ပေးလိုက်တဲ့ အပေါ် အစိုးရ ထောက်ခံ သူတွေ အတွက် တော့ ယမ်းပုံ မီးကျ သလို ဖြစ်ခဲ့ပါတယ်။သူမ ရဲ့ ဒီလို Comment စကား နဲ့ ပတ်သက်ပြီး ဝေဖန် တိုက်ခိုက် ပြောဆို မှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။အွန်လိုင်း အသုံးပြု သူ တစ်ယောက်က တော့ စေ့စပ် ညှိနှိုင်းတဲ့ အပြု သ ဘော ဆောင်တဲ့ စကားမျိုးကို သူ့ အ နေနဲ့ ပြော သင့်တယ်၊အခု လို မျိုးမ ပြောသင့်ဘူး လို့ မှတ်ချက် ပေးခဲ့ပါတယ်။ရုပ်တင် မလှတာ မဟုတ်ဘူး အပြု အမူ ကလည်း ဆိုး ရွားလွန်းတယ်လို့ လည်း သူ မ အပေါ် မှတ် ချက် ပေးလာသူတွေ ရှိခဲ့ပါတယ်။

 

View this post on Instagram

 

👑

A post shared by Nam^^ (@nam_chantarapadit) on

သူ မ ပြောလိုက်တဲ့ စကားက နေ ဆက်စပ်လို့ သူမရဲ့ အသား အရောင်၊ရုပ်ရည် အားလုံးကိုပါ ဝေဖန် တိုက် ခိုက် ပြောဆိုခဲ့ကြပါတယ်။အမေး အ ဖြေ အစီအစဉ် က တော့ TV က နေ တိုက်ရိုက်ပြသ ခဲ့ပါတယ်။အဲ့ဒီလို ပြသ နေတဲ့ တစ်ချိန်တည်းမှာပဲ Sanam Luang မှာ လည်း အစိုးရ ဆန့်ကျင် ဆန္ဒပြ ပွဲ တွေ က ဖြစ် ပေါ် နေခဲ့ ပါတယ်။တကယ်တော့ သူမ တစ်ယောက်တည်း ခုလို အ ဖြေ ကို ဖြေခဲ့တာ တော့ မဟုတ်ပါဘူး။

first runner-up ဆုရှင် ဖြစ်တဲ့ Miss Grand Pathum Thani Indy Johnson ကလည်း ဒီပြိုင်ပွဲ သာမရှိခဲ့ရင် သူမ လည်း ဆန္ဒပြ ပွဲမှာ ပါဝင် နေပြီလို့  ဖြေခဲ့တာပါ။Second runner-up ဆုကိုတော့ Miss Grand Nakhon Si Thammarat Patchaploy Ruendaluang က ရခဲ့ပါတယ်။ third-runner up ကိုတော့ Miss Grand Chiang Rai Juthamas Mekhaseree က ရခဲ့ပါတယ်။ Nam က တော့ ဆု အဖြစ် ဘတ် (၁.၂)သန်းတန် Crown  ၊ကွန်ဒို၊ကား နဲ့ တခြား ဆု အဖြစ် ဘတ် (၆) သန်း ကိုပါ ရခဲ့ပါတယ်။

 

View this post on Instagram

 

ขอแสดงความยินดีกับทีมมิสแกรนด์ไทยแลนด์ 2020 ✨👑 รองอันดับ 4 มิสแกรนด์มุกดาหาร รองอันดับ 3 มิสแกรนด์เชียงราย รองอันดับ 2 มิสแกรนด์นครศรีธรรมราช รองอันดับ 1 มิสแกรนด์ปทุมธานี มิสแกรนด์ไทยแลนด์ 2020 ได้แก่ มิสแกรนด์ระนอง #MissGrandThailand2020 ขอบคุณภาพจาก @oatspancharut 🙏🏻✨

A post shared by Miss Grand Thailand 👑🇹🇭 (@grandthailand.gallery) on

#SHWEMOM

SHARE