အစိုးရအရာရှိစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့လို့ ချီးကျူးခံနေရတဲ့ အိန္ဒိယအလှမယ်ဟောင်း

[email protected] missindiaorg

အစိုးရစာမေးပွဲဆိုတာ ဖြေတိုင်းအောင်ဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းတွေဖြစ်တာကြောင့် ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ ပေးမအောင်တာကြောင့်ပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံက Miss အလှမယ်တစ်ယောက်ကတော့ UPSC စာမေးပွဲကို ပထမဆုံးအကြိမ်ဖြေဆိုတာ အောင်မြင်ခဲ့တဲ့အပြင် တစ်နိုင်ငံလုံးမှာ အဆင့် ၉၃ ပါရရှိခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အလှမယ်ကတော့ အိန္ဒိယနိုင်ငံရဲ့ Miss ၂၀၁၆ အလှမယ်ဟောင်း Aishwarya Sheoran ပဲ ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ Sheoran ဟာ အဆိုပါ UPSC စာမေးပွဲကို တစ်ခေါက်မှ ဝင်မဖြေခဲ့ဖူးပါဘူး။ ဒါ့အပြင် အဆိုပါစာမေးပွဲ ဝင်ဖြေဖို့အတွက် အပြင်ကနေ ကျူရှင်ယူတာတို့၊ Guide ပြဖို့ တစ်ယောက်မှ မငှားခဲ့ပဲ သူ့ဟာသူ စာကျက်ပြီး ဝင်ဖြေကာ အောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆို UPSC စာမေးပွဲဟာ တစ်ခါကျင်းပရင် ဝင်ဖြေတဲ့လူ သိန်းချီရှိပြီး အောင်ဖို့ တော်တော်ခဲယဉ်းတဲ့ အစိုးရ စာမေးပွဲဆိုလည်း မမှားပါဘူး။

အိန္ဒိယနိုင်ငံရဲ့ အရာရှိစာမေးပွဲကတော့ ကျွန်တော်တို့ဆီက အရာရှိစာမေးပွဲနဲ့ မတူပါဘူး။ ကျွန်တော်တို့ဆီမှာဆိုရင်တော့ ကိုယ်ကြိုက်တဲ့ အရာရှိစာမေးပွဲကို ကိုယ်ကြိုက်သလို ဝင်ဖြေလို့ ရပါတယ်။ အိန္ဒိယက UPSC စာမေးပွဲကတော့ အဲဒီစာမေးပွဲအောင်တာနဲ့ အစိုးရဌာန ၃ ခုထဲက ကိုယ်ကြိုက်တဲ့ အစိုးရဌာနမှာ အရာရှိအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ပါတယ်။ အဆိုပါ အရာရှိဌာန ၃ ခုကတော့ သစ်တောရေးရာဦးစီးဌာန၊ မြို့တော်အုပ်ချုပ်ရေးအရာရှိဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ပဲ ဖြစ်ပါတယ်။

“ဒီစာမေးပွဲဖြေမယ်လို့ ဆုံးဖြတ်ချက် ချပြီးကတည်းက ကျွန်မစာကို သေချာအာရုံစိုက်ကျက်ပါတယ်။ စာလုပ်နေတဲ့အချိန်မှာ အပြင်ကို လုံးဝ အာရုံမလွင့်အောင် ကိုယ်အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း စာကို သေချာလုပ်သလို ဖုန်းကိုလည်း ပိတ်ထားပါတယ်။ ကျူရှင်လုံးဝမတက်ပါဘူး။ စာကျက်နေတဲ့အချိန်စာကိုပဲ သေချာအာရုံစိုက်ပြီး ကျက်ခဲ့လို့ အခုလို UPSC စာမေးပွဲကို ပထမဆုံးအကြိမ်ဖြေတာနဲ့ တန်းအောင်တယ်လို့ ထင်ပါတယ်” လို့ Sheoran က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE