Miss World 2019 ဆုကို Miss Jamaica ဆွတ်ခူး

Image:IG/Toni-Ann Singh

(၆၉)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Miss World အလှမယ်ပြိုင်ပွဲကြီးကတော့ အခုဆိုရင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ဒီနှစ်ရဲ့ ပြိုင်ပွဲမှာတော့ ဂျာမေကာနိုင်ငံမှကိုယ်စားပြုအလှမယ် Toni-Ann Singh က ဆွတ်ခူးရရှိခဲ့ပါတယ်။ဒီနှစ်ကတော့ လူမည်း အမျိုးသမီးတွေ အလှမယ် ဆုတွေရခဲ့တဲ့ သမိုင်းဝင်နှစ်လို့ တောင် ပြော လို့ ရပါတယ်။Miss USA, Miss Teen USA, Miss America, Miss Universe  နဲ့ အခု  Miss World ဆုကိုပါ လူမည်း အမျိုသမီးတွေက သိမ်းပိုင်နိုင်ခဲ့တာပါ။

Toni-Ann Singh ကတော့ အသက် (၂၃)နှစ်ပဲရှိပါသေးတယ်။သူမဟာ ဂျာမေကာနိုင်ငံ St Thomas မှာ မွေးဖွားခဲ့တာပါ။ဆေးပညာရပ်ကို လေ့လာ ဖို့ စီစဉ်ထားပြီး ဆရာဝန်ဖြစ်လာဖို့ ရည်ရွယ်ထားသူပါ။ပြီးခဲ့တဲ့ စနေနေ့(ဒီဇင်ဘာ ၁၄) ရက်နေ့က သူမရဲ့ တွစ်တာပေါ်မှာ “ ရည်မှန်းချက်သာ ရှိမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်မက်တွေ ကို အကောင်အထည် ဖော်နိုင်စွမ်းရှိတယ်ဆိုတာ ကျေးဇူးပြု ပြီး သိလိုက်ပါ..” ဆိုပြီး ရေးခဲ့ပါတယ်။

READ
တော်ဝင်မိသားစုရဲ့ရုပ်သံတိုက်ရိုက်လွှင့်နေတုန်း ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား
Image:IG/Miss World
Image:IG/Toni-Ann Singh

Toni-Ann ကတော့ ပြိုင်ပွဲမှာ ဒိုင်တွေကို သူမရဲ့ သီချင်းဆို စွမ်းရည်နဲ့ အပြည့်အ၀ ဖမ်းစားခဲ့သူပါ။ Whitney Houston ရဲ့ I Have Nothing ဆိုတဲ့ သီချင်း နဲ့ မေးခွန်း အမေး အဖြေ တွေ မှာ ဒိုင်တွေ အားလုံးရဲ့ သဘောကျ နှစ်သက်မှုကို အရယူပြနိုင်ခဲ့တာပါ။” ကျမ အတွက်တော့ အိမ်မက်လိုပဲ။ အရမ်း ကျေးဇူးတင်ပါတယ်…။ကျမ ဆီမှာဘာတွေပဲ ရှင်တို့ မြင်မြင် ။အလုပ်တွေ လုပ်ဖို့ ကျမ ဘက်ကတော့ အသင့်ဖြစ်နေပါပြီ..” လို့ ပြောခဲ့ပါတယ်။အဆိုတော် လုပ်မှာလား ဆိုတဲ့ ဒိုင်တစ်ယောက်ရဲ့ အမေးကိုတေယာ့ အခွင့် အရေးသာရမယ်ဆိုရင်တော့ လုပ်ချင် ပါတယ် ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

Image:IG/Miss World

ဒီနှစ်ရဲ့ Miss World ပြိုင်ပွဲကိုတော့ အလှမယ်ပေါင်း (၁၁၁) ယောက် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Toni-Ann ကတော့ Miss World မှာ ဆုရခဲ့တဲ့ (၄)ယောက် မြောက် ဂျာမေကာ နိုင်ငံ သူပါ။ဆု နဲ့ လွဲခဲ့ရတဲ့ Runner Up ဆုရှင်တွေကတော့ ပြင်သစ်က Ophély Mézino နဲ့ အိန္ဒိယက Suman Rao တို့ပါ။Toni-Ann အနိုင်ရချိန်မှာ Miss Nigeria ရဲ့ အပျော် လွန် နေတဲ့ တုံ့ပြန်မှု ကတော့ အွန်လိုင်းပေါ်မှာ တော်တော်လေးကို လူပြောများနေပါတယ်။

Image:IG/Toni-Ann Singh

Source:Miss World /heavy

SHARE