အသက်မပြည့်တဲ့ကျောင်းသားကို အမြင်မတော်တဲ့ပုံတွေပို့လို့ အရေးယူခံရတဲ့ အလှမယ်

ပြီးခဲ့တဲ့ အပတ်တုန်းက Miss Kentucky ဖြစ်ခဲ့သူ Ramsey Carpenter Bearse ဟာ ကလေးသူကယ်ကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖျားယောင်းမှုဖြင့် အဖမ်းခံခဲ့ရပါတယ်။

KET

သူမဟာ Miss Kentucky အနေဖြင့် Miss America ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသေးတယ်။ ပြိုင်ပွဲတိုင်းလိုလိုမှာ ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ပြောပါဆိုတိုင်း ဆရာမကောင်းတစ်ဦး ဖြစ်ချင်တယ်ချည်းပဲ ပြောခဲ့သူပါ။ ဒါကြောင့်လည်း အလှမယ်ဘဝမှ အနားယူပြီးနောက်မှာတော့ သူမစိတ်ကူးအိပ်မက်အတိုင်း ဗာဂျီးနီးယားအနောက်ပိုင်းမှာရှိတဲ့ Andrew Jackson အလယ်တန်းကျောင်းမှာ သိပ္ပံဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

Splash News

စစချင်းမှာတော့ ဘာပြဿနာမှမရှိခဲ့ပေမယ့် အခုလိုအမှုမျိုးနဲ့ လူသိရှင်ကြားတရားစွဲဆိုခံခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ သူမဟာ ဆရာမတစ်ဦးရဲ့ကျင့်ဝတ်ကိုဆန့်ကျင်ကာ အသက်မပြည့်သေးတဲ့ ကျောင်းသားလေးတစ်ဦးကို အမြင်မသင့်တော်တဲ့ ပုံမျိုးတွေ ပို့ခဲ့လို့ပဲဖြစ်ပါတယ်။

Mirror

Snapchat မှ အပေါ်ပိုင်းဗလာကျင်းကာ ရိုက်ထားခဲ့တဲ့ဓာတ်ပုံများကို (၁၅) နှစ်သားလေးဆီသို့ (၄) ပုံတိတိ ပို့ခဲ့တာပါ။ အချိန်အနည်းငယ်ကြာပြီးတော့မှ ကလေးမိခင်က အမှတ်မထင် သိမြင်သွားခဲ့တဲ့အတွက် အခုလို တရားစွဲဆို ခံခဲ့ရတာပဲဖြစ်ပါတယ်။ အလှအမယ်ဟောင်းဖြစ်တဲ့ Ramsey Carpenter Bearse ကတော့ မှားပို့ခဲ့တာမဟုတ်ဘဲ ကျောင်းသားလေးအတွက် ရည်ရွယ်ကာပို့ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အတွက် သူမကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖြားယောင်းမှုဖြင့် တရားစွဲဆိုခွင့်ရသွားခဲ့တာပါ။

READ
မင်္ဂလာပွဲလာအမျိုးသားပရိသတ်က သတို့သမီးရဲ့ အ၀တ်အစားတွေကို ၀ိုင်းချွတ်ခဲ့ကြ
Bluegrasstoday
WCHS

အချိန်တစ်ခုကြာအောင် ထောင်ထဲမှာထိန်းသိမ်းခံခဲ့ရပေမယ့် တရားစီရင်းပြီးနောက်မှာတော့ ဒဏ်ငွေ ဒေါ်လာ (၁) သောင်းပေးဆောင်ခဲ့ရပြီး အမှုမှကြေအေးခဲ့ပါတယ်။ ဒဏ်ငွေနဲ့ပြီးသွားခဲ့ပေမယ့် ဒီထက်ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ သူမကို ထောင်ဒဏ်အနှစ် (၂၀) အထိ ချမှတ်လို့ရပါသေးတယ်။

Mirror

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းပေါင်းစုံကောင်စီမှ “Mrs. Bearse ဟာ Andrew Jackson အလယ်တန်းကျောင်းမှ ဆရာမဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိပမယ့် ကော်စီမှချမှတ်ထားတဲ့ ပေါ်လစီတွေနဲ့လုပ်ရိုးလုပ်စဉ်တွေအတိုင်း လိုက်နာသွားမှာပါ၊ ကျောင်းသားများရဲ့ လုံခြုံရေးဟာ ကျောာင်းတစ်ကျောင်းအတွက် ထိပ်တန်းဦးစားပေးရမယ့်အချက်တစ်ခုပါ” လို့ပြောသွားခဲ့ပါတယ်။

Miss Kentucky ဖြစ်ခဲ့သူ Ramsey Carpenter Bearse ကတော့ သူမရဲ့ လူမှုကွန်ယက် account တွေ အားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။

Source: Mirror

Penny

SHARE