အတွင်းသားတွေဖော်လွန်းတဲ့ ကိုရီးယားရိုးရာဝတ်စုံကြောင့် ဝေဖန်ခံနေရတဲ့Miss Korea 2019

koreaboo

၂၀၁၉ ခုနှစ်အတွက် ကျင်းပတဲ့ Miss Korea  ပွဲကတော့ ကိုရီးယားလူမျိုးတွေ အမြတ်တနိုးဝတ်ဆင်ကြတဲ့ Hanbok(ကိုရီးယားရိုးရာဝတ်စုံ) ကို အလွန်အကျူးဖော်လွန်းတဲ့ ဝတ်စုံဒီဇိုင်းအဖြစ်နဲ့ ဘစ်ကနီရှိုးအချိန်မှာ အလှမယ်တွေကို ဝတ်ဆင်ခိုင်းခဲ့တာကြောင့် ဝေဖန်မှုတွေအကြီးအကျယ် ရရှိနေတာဖြစ်ပါတယ်။

koreaboo

Hanbok ကိုတော့ ကိုရီးယားလူမျိုးတွေဟာ မင်္ဂလာဆောင်၊ပွဲတော်တွေမှာ ကျက်သရေရှိတဲ့အဝတ်အစားအဖြစ် ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ Miss Korea ပွဲမှာတော့ နောက်ဆုံးပြိုင်ပွဲဝင် ၆ယောက်ဟာ Hanbok တွေကို ဝတ်ဆင်လာခဲ့ပြီး ဝေဖန်သူတွေကတော့ Hanbok နဲ့မတူပဲ ကိုယ်လုံးပေါ်အတွင်းခံတွေနဲ့ တူတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

koreaboo
koreaboo

အစီအစဉ်တင်ဆက်သူကတော့ အနောက်တိုင်းနဲ့အရှေ့တိုင်းကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်အဖြစ်နဲ့ ဖေါ်ပြခဲ့ပေမဲ့ ကြည့်ရှုသူတွေကတော့ တော်တော်လေး စိတ်ပျက်ခဲ့ကြပါတယ်။ အချို့ကတော့ ထူးခြားတဲ့ ဖက်ရှင်အဖြစ် မှတ်ချက်ပေးကြပေမဲ့လည်း အချို့တွေကတော့ Hanbok ရဲ့ အဓိက ရည်ရွယ်ချက်က အတွင်းသားတွေ မပေါ်စေဖို့အတွက်ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

READ
ကမ္ဘာကျော်ဆယ်လီတွေရဲ့ ငယ်ဘဝနဲ့ လက်ရှိဘဝကို ယှဉ်တွဲဖန်တီးပြထားတဲ့ ဓာတ်ပုံများ
koreaboo
koreaboo
koreaboo
 ဒါ့အပြင် ၂၀၁၉ ခုနှစ်ရဲ့ Miss Korea ကိုရရှိသွားတဲ့ ကယ်လီဖိုးနီးယားက ကောလိပ်မှာ ကျောင်းတက်ေ်နသူ Kim Se Yeonကတော့ Media Line Entertainment သူဌေးKim Chang Hwanရဲ့ သမီးဖြစ်နေတာကြောင့် ဝေဖန်မှုတွေရရှိနေတာဖြစ်ပါတယ်။ Kim Chang Hwan ကတော့ The East Light ဆိုတဲ့ ကေပေါ့အဆိုတော်အဖွဲ့ကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ အမှုမှာ ပါဝင်ခဲ့တဲ့ သူဖြစ်ပါတယ်။
koreaboo

SOurce: Koreaboo

SHARE