Miss Universe 2019 သရဖူကို တောင်အာဖရိက အလှမယ်ဆွတ်ခူး

Image:twitter/ @MissUniverse & e:IG/ Zozibini Tunzi

Miss Universe 2019 အလှမယ်ပြိုင်ပွဲကြီးရဲ့ Winner ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ဒီ နှစ်ရဲ့ Winner ကတော့  တောင်အာဖရိက အလှမယ်  Zozibini Tunzi (Miss Unive rse South Africa )ပါ။အသက် (၂၆)နှစ်ရှိနေတဲ့ သူမ ရဲ့ မူဝါဒ လမ်းစဉ် ကတော့  ကျား၊မ အခြေပြု အကြမ်းဖက်မှု (gender-based violence) ကို ဆန့်ကျင်တိုက်ဖျက်တဲ့ လမ်းစဉ်ပါ။(၆၈)ကြိမ် မြောက် ကျင်းပပြုလုပ်တဲ့ Miss Universe 2019 ကိုတော့ ဒီဇင် ဘာ (၈)ရက်နေ့က  အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊Atlanta မြို့က Tyler Perry Studios မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

Image:IG/ Zozibini Tunzi

နိုင်ငံပေါင်း (၉၀) က ကိုယ်စားပြု အလှမယ်တွေ အများကြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ဒီနှစ်ရဲ့ ပွဲမှာတော့ တင်ဆက်သူ Host အဖြစ် Steve Harvey  က တာဝန်ယူ ဆောင်ရွက် ပေးခဲ့တာပါ။စူပါမော်ဒယ် Hunter McGrady ၊ recording artist Ally Brooke နဲ့ “Real Housewives of Atlanta”  Star  Marlo Hampton  တို့ လည်း d Miss Universe 2019 ပွဲကို တက်ရောက်ခဲ့ပါတယ်။

Image:IG/ Zozibini Tunzi

တောင်အာဖရိက၊ မက္ကဆီကို နဲ့ Puerto Rico  နိုင်ငံ ကိုယ်စားပြု အလှမယ်တွေ က နောက်ဆုံး Top 3 နေရာအထိရောက်ခဲ့ပါတယ်။အဲ့ဒီအထဲကမှ Miss South Africa Zozibini Tunzi က Winner ဆု ကို ရခဲ့ပါတယ်။1 st  runner-up ဆုကိုတော့ Miss Puerto Rico Madison Anderson က ရခဲ့ပါတယ်။

Image:IG/ Zozibini Tunzi

ဖိလစ်ပိုင်နိုင်ငံက Miss Universe 2018 အလှမယ် Catriona Gray  က ဒီနှစ်ရဲ့ Winner  Zozibini Tunzi ကို သရဖူ ဆောင်းပေးခဲ့ပါတယ်။Zozibini Tunzi  ကတော့ Miss Universe ပြိုင်ပွဲမှာ  တောင်အာဖရိက အတွက် သရဖူကို အရယူပေးနိုင်ခဲ့တဲ့ တတိယမြောက် အလှမယ်ပါ။

Tunzi  ကတော့ Miss Universe Organization နဲ့ လက်တွဲ ပြီး အလုပ်လုပ်စရာ တွေ ရှိသေးတာမို့ နယူးယော့ခ် စီးတီကို  ပြောင်းရွှေ့ နေထိုင် ပြီး တာဝန်တွေ ထမ်းဆောင်သွားမှာပါ။Tunzi ကတော့ လက်ဝတ်ရတနာ ကုမ္ပဏီ  Mouawad က ဖန်တီးပေးထားတဲ့ သရဖူ နဲ့ အတူ  ဒေါ်လာ (၅)သန်းကို ဆု အဖြစ် ရခဲ့ပါတယ်။

Image:IG/ Zozibini Tunzi

Source:11alive/@MissUniverse

SHARE