Miss Universe Australia 2020 သရဖူရသွားတဲ့ အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူလေး

Instagram

နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ Miss Universe ပြိုင်ပွဲကြီးအတွက်ကိုတော့ နိုင်ငံအနှံ့က အလှမယ်တွေ အသီးသီးကိုရွေးချယ်နေကြပါပြီ။ အခု Australia အတွက်ကိုတော့ အလှမယ်လေးတစ်ယောက် ရွေးချယ်ခြင်းခံလိုက်ရပါပြီ။ ပထမဆုံးအနေနဲ့ COVID-19 ကြောင့် ပွဲအခမ်းအနားလိုမျိုးမဟုတ်ဘဲနဲ့ virtual ပွဲလိုမျိုး ပြုလုပ်ခဲ့တာပါ။

Miss Universe Australlia 2020 ကတော့ Maria Thattil ဆိုတဲ့ အလှမယ်လေးကို ရွေးချယ်ခဲ့ပါတယ်။ ဒီတော့ Maria Thattil က ဘယ်သူလဲဆိုတာ ကြည့်လိုက်ကြရအောင်။

 

View this post on Instagram

 

A post shared by MARIA THATTIL (She/Her) (@mariathattil) on

Maria ဟာ အသက် ၂၇ နှစ်ရှိလို့နေပါပြီ။ သူမဟာ Melbourne မှာ ကြီးပြင်းခဲ့တာပါ။ သူမဟာ အိန္ဒိယသွေးပါတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ မိခင်ဖြစ်သူဟာ အိန္ဒိယရဲ့ Kolkata ကနေပြီးတော့ migrant အဖြစ် သြဇီကိုဝင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Maria ဟာ ကလေးလေးဘ၀ပဲရှိသေးတာပါ။ နောက်တော့ Melbourne မှာ အခြေချနေထိုင်ရင်းနဲ့မှ သူမအနနဲ့ လုံးဝကို အနောက်တိုင်းသူတစ်ဦးလိုမျိုး ဖြစ်လာခဲ့တာပါ။

 

View this post on Instagram

 

A post shared by MARIA THATTIL (She/Her) (@mariathattil) on

 

View this post on Instagram

 

A post shared by MARIA THATTIL (She/Her) (@mariathattil) on

၂၀၀၁ ခုနှစ်တန်းက အိန္ဒိယကို ပထမဆုံးအနေနဲ့ ပြန်ရောက်ခဲ့ပြီးနောက် အခုအချိန်ထိ ထပ်လည်းမရောက်ဖြစ်တော့ပါဘူးတဲ့လေ။ အိန္ဒိယကိုရောက်ခဲ့တုန်းကဆိုရင် Maria အနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုကြားမှာ ကြီးပြင်းလာခဲ့တာကြောင့် အိန္ဒိယရဲ့ အယူအဆနဲ့ဓလေ့တွေကြားထဲမှာ နေရတာ အရမ်းကို စိတ်ကျဉ်းကြပ်ခဲ့ရပါတယ်တဲ့။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ သူမမွေးခဲ့တဲ့ အိန္ဒိယဉ်ကျေးမှုတွေကိုလည်း ချစ်မြတ်နိုးလျက်ရှိနေပြီးတော့ အနောက်တိုင်းယဉ်ကျေးမှုတွေကိုလည်း သူမဟာ တန်ဖိုးထားလျက်ရှိနေပါတယ်လို့ News 18 ကို ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by MARIA THATTIL (She/Her) (@mariathattil) on

ဒီလိုမျိုး migrants တစ်ယောက်အနေနဲ့ Australia ကိုယ်စားပြုပြီးတော့ Miss Universe ရခဲ့တယ်ဆိုတာကို မယုံကြည့်နိုင်ခဲ့ဘူးတဲ့လေ။

READ
အလှူငွေ ဒေါ်လာ(၃၉,ဝဝဝ)ပါတဲ့ အိတ်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တဲ့ အမျိုးသမီး

 

 

View this post on Instagram

 

A post shared by MARIA THATTIL (She/Her) (@mariathattil) on

penny

SHARE