Miss Universe (2019) 1st Runner Up ဆုရှင် Madison Anderson ရဲ့ အကြောင်း

Image:IG/Madison Anderson

2019 Miss Universe  အလှမယ်ပြိုင်ပွဲကြီးက တော့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ဒီပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း (၉၀) က ကိုယ်စားပြု အလှမယ်တွေ အများကြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။တောင်အာဖရိက၊ မက္ကဆီကို နဲ့ Puerto Rico  နိုင်ငံ ကိုယ်စားပြု အလှမယ်တွေ က နောက်ဆုံး Top 3 နေရာအထိရောက်ခဲ့ပါတယ်။အဲ့ဒီအထဲကမှ Miss South Africa Zozibini Tunzi က Winner ဆု ကို ရခဲ့ပါတယ်။1 st  runner-up ဆုကိုတော့ Miss Puerto Rico Madison Anderson က ရခဲ့ပါတယ်။1st Runner Up ဆု ကိုရခဲ့ပြီး  Miss Universe (2019)  သရဖူနဲ့ လွဲခဲ့ရတဲ့  Madison Anderson ရဲ့ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

(၁)သူမရဲ့ မွေးနေ့ နဲ့ အရပ်အမြင့်

Image:IG/Madison Anderson

Madison Anderson ကိုတော့ နိုဝင်ဘာ (၁၀)ရက် (၁၉၉၅)မှာ မွေးခဲ့တာပါ။နယူး ယော့ခ် စီးတီးမှာရှိတဲ့ Fashion Institute of Technology မှာ ပညာသင်ယူခဲ့သူပါ။အရပ် အမြင့်ကတော့ (၅)ပေ (၁၀) လက်မ ပါ။

 

READ
အကယ်ဒမီဇကာတင်စာရင်းမှာ သူရဲ့ ရုပ်ရှင်ကားမပါလို့ စိတ်မကောင်းဖြစ်နေတဲ့ ဇေရဲထက်

(၂)အမေရိကန် Orlando မှာ ကြီးပြင်းခဲ့

Image:IG/Madison Anderson

Madison Anderson ကတော့ Puerto Rico ရဲ့ ကိုယ်စားပြု အလှမယ်ပါ။ဒါပေမယ့် သူမဟာ အမေရိကန် နိုင်ငံ Orlando မြို့မှာ ကြီးပြင်းခဲ့သူပါ။သူမရဲ့ အဖေက အမေရိကန်၊ အမေ က Puerto Rican ပါ။သူမကိုတော့ Arizona ပြည်နယ်မှာ မွေးခဲ့တာပါ။” ကျမ Puerto Rico  မှာ နေနေ၊ မ နေ နေ၊စပိန်စကား ပြောပြော၊ မပြော၊ မ ပြော ကျမက Puerto Rican တွေကို ကိုယ်စားပြု ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။လက်ရှိ Miss Universe 2019 သရဖူကို ရယူထားတဲ့ Miss South Africa Zozibini Tunzi က သာ  အကြောင်းကြောင်း ကြောင့် လွဲ ချော်မှု တစ်ခုခုရှိလာခဲ့ရင် သူမက Miss Universe 2019 ဖြစ်လာနိုင်ပါတယ်။

(၃)Miss Universe Puerto Rico ဆုရတဲ့ အပေါ် အငြင်းပွားမှုတွေရှိခဲ့

Image:IG/Madison Anderson

Miss Universe Puerto Rico Winner ဖြစ်ခဲ့ချိန်မှာတော့ အွန်လိုင်းပေါ်မှာ  ဝေဖန် ပြောဆို သံတွေ ဆူညံခဲ့ပါသေးတယ်။ဒီလိုဖြစ်ရတဲ့ အဓိက အ ကြောင်းအရင်းက အမေရိကန် ကပြား ဖြစ်ပြီး အဲ့ဒီမှာပဲ မွေး၊အဲ့ဒီမှာပဲ နေ တဲ့ အတွက် ကြောင့်ပါ။#NoMeRepresenta ဆိုပြီး သူမကို ဆန့်ကျင်တဲ့ အထိ တောင်မှ ပွဲဆူ ခဲ့ကြပါတယ်။နင်က ငါတို့ နိုင်ငံကို ကိုယ်စား မပြု ဘူး ဆိုပြီး သူမကို ဆန့်ကျင်ပြောဆိုခဲ့တာပါ။Puerto Rico မှာ မွေးလဲ မ မွေး၊ကြီးလည်း မကြီးပြင်းခဲ့သူမို့ Miss Universe Puerto Rico မဖြစ်သင့် မဖြစ် ထိုက်ဘူး ဆိုပြီး ဆန့်ကျင်ဝေဖန်ခဲ့ကြတာပါ။

(၄)အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး Ambassador

Image:IG/Madison Anderson

Madison ဟာ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေး Program Metamorphosis ရဲ့  Ambassador   ပါ။သူမဟာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစား ခဲ့ရသူတွေ စိတ်ခွန်အားတွေ ပြန်လည် ရရှိလာအောင် လုပ်ဆောင်ပေးတဲ့ Program ရဲ့ Ambassador   ပါ။အမျိုးသမီးတွေ စိတ်မလုံခြုံမှု ကနေ လွတ်မြောက် ရေး၊အကြမ်းဖက်မှု ဒဏ် တွေ က ကင်းဝေး ရေးတို့ အတွက် သူမက ဆန့်ကျင်တိုက်ဖျက်ပေးနေသူပါ။ဒါ့အပြင် Puerto Rico က San Jorge ဆိုတဲ့ ကလေးနဲ့ အမျိုးသမီး ကျန်းမာရေး ဆေးရုံက ကင်ဆာ ရောဂါ သည်တွေဆီကို သွားရောက်ပြီး ပရဟိတ အလုပ်တွေကို လုပ်ပေးနေသူပါ။

READ
ပရိသတ်ကြီးကို ထပ်ကြွေအောင်တင်လိုက်တယ်ဆိုတဲ့ ပိုပိုရဲ့ အလန်းစားပုံရိပ်များ

(၅)နိုင်ငံရေးလှုပ်ရှားမှု လုပ်ရမှာလည်း မ ကြောက်ရွံ့သူ

Image:IG/Madison Anderson

တခြား Miss တော်တော်များများလို နိုင်ငံရေး တွေ မှာဝင် မစွက် ဖက်တဲ့ လူမျိုး တော့ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ဆန္ဒပြမှု တွေ ဖြစ်ပွားနေချိန်မှာ သူမကပါ ၀င်ပြီး ရဲရဲဝံ့ဝံ့နဲ့ ပြည်သူတွေ ဖက်က ရပ်တည်ပေးခဲ့ပါတယ်။

(၆)Fan တွေက Team Mariposa လို့ ခေါ်ကြ

Image:IG/Madison Anderson

ပုံတင်တဲ့ အခါ တိုင်းမှာ လိပ်ပြာ Emoji လေးတွေနဲ့ ကာတွန်းလေးတွေကို ထည့်တတ်လွန်းလို့Fan တွေက သူမကို  Team Mariposa လို့ ခေါ်ကြ ပါတယ်။mariposa  ဆိုတာ ကတော့ စပိန် လို ဆိုရင် လိပ်ပြာလို့ အဓိပ္ပါယ်ရပါတယ်။

Source:Wiki/heavy

SHARE