အသက်၂၄နှစ်အရွယ်သာရှိသေးတဲ့ ဂျပန်-ဂါနာလူမျိုး အမျိုးသမီးလေးဟာ ၆၉ကြိမ်မြောက် Miss Universe အတွက် ဂျပန်နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်လာပါပြီ။ အမည် Aisha Harumi Tochigi ဖြစ်ပြီး ချီဘာစီရင်စုကနေဝင်ပြိုင်တဲ့သူမကို ကြာသပတေးနေ့မှာပဲ Miss Universe Japan 2020 သရဖူအပ်နှင်းခဲ့တာဖြစ်ပါတယ်။
Tochigi ဟာ ယှဉ်ပြိုင်သူ အယောက်၃၀ထဲမှာ သရဖူဆောင်းနိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယနေရာတွေကိုတော့ ဂျပန်-နိုင်ဂျီးရီးယားအမျိုးသမီး Raimu Kaminashi နဲ့ ဂျပန်-ဖိလစ်ပိုင် Yuki Sonoda တို့ကအသီးသီးရရှိခဲ့တယ်လို့သိရပါတယ်။ စတုတ္ထနေရာကိုတော့ Kilala Watanabe နဲ့ ပဉ္စမနေရာကိုတော့ ကီဝီ-ဂျပန် Marina Little တို့က ရရှိသွားခဲ့ပါတယ်။
Tochigi ဟာပြီးခဲ့တဲ့နှစ်တုန်းကလည်း Miss Universe Japan မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးဆန်ကာတင်၅ဦးကျန်တဲ့အထဲမှ သရဖူပိုင်ရှင်ဖြစ်ခဲ့သူ Ako Kamo ကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ Tochigi ကို ဘာသာရေးလူမျိုးရေးအစွဲထားခြင်းနဲ့ ခွဲခြားဆက်ဆံမှုတွေအကြောင်း ဒိုင်တွေက မေးခဲ့တဲ့အခါမှာတော့ သူမက “လူတွေကို သူတို့အသားအရောင်အားဖြင့် မခွဲခြားသင့်ဘူးလို့ ပြောချင်ပါတယ်။ လူတွေရဲ့ပြင်ပပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ခွဲခြားမဆက်ဆံသင့်ပါဘူး။ အချင်းချင်းနားလည်အောင်လုပ်ဖို့လိုပါတယ်။ ဒါ ခွဲခြားဆက်ဆံမှုရဲ့အဓိကအကြောင်းပါပဲ။” လို့လည်း ဖြေကြားခဲ့ပါတယ်။
ShweMom