ယာဉ်ထိန်းရဲကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတဲ့ အာဂျင်တီးနားအလှမယ်ဟောင်း

YouTube_CronicaTV

Miss Argentina အလှမယ်ဟောင်းတစ်ဦးကတော့ မဆင်မခြင် ယာဉ်မောင်းခဲ့တဲ့အပြစ်ကို ပေးဆပ်လိုက်ရပြီ ဖြစ်ပါတယ်။ သူမဟာ ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ဆောင်ရွက်နေတဲ့ လမ်းဝါဒင်ကြီးတစ်ယောက်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့သူပါ။ ဝါဒင်ကြီးက သေဆုံးသွားတဲ့အတွက် သူမကို လူသေစေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှုတွေနဲ့အမှုဖွင့်ခံခဲ့ရပါတယ်။

အလှမယ်ရဲ့အမည်ကတော့ Rocio Santa Cruz ဖြစ်ပါတယ်။ အသက်(၃၅)နှစ်ပါ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ Ramon Cabrera အမည်ရ အသက်(၅၃)နှစ်အရွယ် အရာရှိကြီးကို  ကားနဲ့တိုက်ပြေးခဲ့သူဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး၊ အဲဒီနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

YouTube/CronicaTV

အမှုမပြီးပြတ်သေးခင် အာဂျင်တီးနားကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် Rocio ကို ရဲက ပြန်လည်ဖမ်းဆီးခဲ့ပြီး၊ (၂၀၂၀)မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ သူမဟာ ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။ ဒီထောင်ဒဏ်ထဲမှာ မူုး/မောင်း တိုက်/ပြေး အမှုတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

Rocio ဟာ (၂၀၀၄-၀၅)ခုနှစ်မှာ အာဂျင်တီးနားရဲ့အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ မယ်စကြာဝဠာပြိုင်ပွဲ ဝင်ရောက်ခွင့်ရခဲ့သူပါ။ သူမဟာ ဥပဒေနဲ့ကျောင်းပြီးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမ ကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ ဘယ်လောက်အထိ ပြစ်ဒဏ်ကြီးမားတယ်ဆိုတာ တခြားလူတွေထက် သူမက အသိဆုံးဖြစ်မှာပါ။

သေဆုံးသူ Ramon ဟာ Avenue Quaranta နယ်မြေက လမ်းပေါ်မှာ သူရဲ့မော်တော်ဆိုင်ကယ်နဲ့ လှည့်ကင်းဆောင်ရွက်နေစဉ်၊ Rocio ရဲ့ကားနဲ့ ဝင်ကျုံးတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။ Rocio ကတော့ အခင်းဖြစ်နေရာကနေ မောင်းပြေးသွားပြီး၊ တိုက်ခံရသူကို ဆေးရုံတင်ဖို့တောင် ပျက်ကွက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက Rocio ကို လိုက်ပြီးရှာချိန်မှာတော့ သူမရဲ့ကားကို နေအိမ်အပြင်မှာ ရပ်ထားပြီး၊ အခင်းဖြစ်စဉ်မှာ ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေ၊ နောက်ပြီး ကားရဲ့ပွန်းပဲ့အနာဆာတွေကို စစ်ဆေးတွေ့ရှိခဲ့ကာ ရဲက ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ သူမကို စစ်ဆေးချိန်မှာ သူမရဲ့သွေးစနစ်ထဲမှာ 0.88 grams/litre (0.088% BAC) အရက်ပါဝင်မှု ပမာဏကို တွေ့ရှိခဲ့ရပါတယ်။ အခုတော့ မဆင်မခြင်လုပ်ရပ်ရဲ့ အကျိုးဆက်ကို Rocio အဖို့ ခံနေရပါပြီ။

လင်းဇော်ကို

SHARE