နောက်ဆုံးအချိန်အထိ သခင်ရဲ့ အကျိုးကို သယ်ပိုးနေခဲ့တဲ့ အမှုထမ်းခွေးလေး ဆူလီ

ဖော်ပြထားတဲ့ ပုံကတော့ (၂၀၁၈) နိုဝင်ဘာလ (၃၀)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အသက်(၉၄)နှစ်အရွယ် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျအိုက်ခ်ျ ဒဗလျူ ဘုရှ် ရဲ့ အမှုထမ်းခွေးလေး ဆူလီဟာ သခင်ရဲ့ အလောင်းကို စောင့်ရှောက်နေတဲ့ ပုံလေးပါ။ ဒီပုံလေးဟာ အမေရိကန်ပြည်တစ်ဝှမ်းက ပြည်သူတွေကို အထူးဝမ်းနည်း ကြေကွဲစေခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံလည်း ဖြစ်ပါတယ်။

Twitter

ဆူလီဟာ အသက်(၂)နှစ်အရွယ် ရီထရီဗာ အမျိုးအစား ခွေးတစ်ကောင်ပါ။ အမေရိကန်အစိုးရရဲ့ Vet Dogs အစီအစဉ်အရ ကိုယ်အင်္ဂါမသန်စွမ်းတော့ စစ်ပြန်တွေ၊ အသက်အရွယ်ကြီးရင့်နေတဲ့ အငြိမ်းစား အရာရှိဟောင်း တွေကို အကူအညီပေးဖို့ အထူးလေ့ကျင့် သင်ကြားပေးထားတဲ့ အမှုထမ်းခွေးလေးတစ်ကောင် ဖြစ်ပါတယ်။

ဆူလီဟာ ပြီးခဲ့တဲ့ (၂၀၁၈) ဇွန်လကမှ Vet Dogs အစီအစဉ်ရဲ့ ဥက္ကဌကိုယ်တိုင်က သမ္မဟောင်း ဘုရှ်ရဲ့ အမှုထမ်းဖို့ ဆူလီကို ပေးခဲ့တာပါ။

Twitter

သမ္မတောင်း ဘုရှ်ရဲ့ တစ်နေ့တာ လိုအင်တွေကို ဖြည့်ဆည်းပေးဖို့ အထူးသင်ကြားထားတဲ့ ဆူလီဟာ ဖုန်းဖြေကြားတဲ့ ခလုပ်ကို နှိပ်ပေးခြင်းနဲ့ အရာဝတ္တုတွေကို ကောက်ယူဖို့ စေခိုင်းခြင်း အပါအ၀င် A-4 စာမျက်နှာ(၂) မျက်နှာ လောက်ရှိတဲ့ ညွှန်ကြားချက်တွေကို ခိုင်းစေလို့ ရပါတယ်။

ဆူလီရဲ့ နာမည်ကတော့ (၂၀၀၉)ခုနှစ်တုန်း ဟက်ဒ်ဆန်မြစ်ပေါ်မှာ ခရီးသည် (၁၅၅)ယောက်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ နာမည်ကျော် လေယာဉ်မှူး ချက်စလီ ဘီ ဆူလီ(Chesley B. Sully)ကို အစွဲပြုပြီး မှည့်ထားတာပါ။

ဆူလီဟာ သမ္မတဟောင်း ဘုရှ်ရဲ့ ဘ၀နောက်ဆုံးအချိန်တွေမှာ အကောင်းဆုံး အဖော်မွန်ဖြစ်ခဲ့ပြီး ဘုရှ်ရဲ့ မိသားစုဝင်တစ်ဦးလိုကို သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ကွယ်လွန်သွားရှာတဲ့ သမ္မတဟောင်း ဘုရှ်ကလည်း ဆူလီကို အရမ်းချစ်ခဲ့ပြီး သူ့ရဲ့ နေ့စဉ်ဘ၀ လှုပ်ရှားမှုတွေ၊ မိတ်ဆွေဟောင်း လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ တွေ့တဲ့ ပုံတိုင်းမှာ ဆူလီဟာ မပါမဖြစ်ပါ။

READ
စတန့်ထွင်ပြီး စကိတ်စီးပြစဉ်၊ မတော်တဆဖြစ်ပြီး ခြေထောက်ကို လိမ်ချိုးသလိုဖြစ်ခဲ့ရသူ

ဒါပေမယ့်လည်း ဆူလီဟာ ဘုရှ်မိသားစုနဲ့ မကြာခင်မှာ ခွဲခွာရတော့မှာ ဖြစ်ပါတယ်။ ကွယ်လွယ်သူ သမ္မတောင်း ဘုရှ်ဟာ သူကွယ်လွန်သွားချိန်မှာ ဆူလီကို အပိုင်မခေါ်ထားဘဲ အခြားစစ်ပြန်ဟောင်းတစ်ယောက်ရဲ့ အကျိုးကို သယ်ပိုးခိုင်းဖို့ ညွှန် ကြားခဲ့တာကြောင့် ဆူလီဟာ ဘုရှ်ရဲ့ ဈာပနအပြီးမှာတော့ သခင်သစ်ဆီ သွားရတော့မှာပါ။ ဆူလီရဲ့ သခင်သစ် ကတော့ အသက်(၄၁)နှစ်အရွယ် စစ်ပြန်တစ်ယောက်ဖြစ်တဲ့ ဝေါ်လ်တာရိဒ်ပါ။

 

သံယောဇဉ်ကြီးလွန်းတဲ့ ဆူလီကတော့ သခင်ဟောင်းရဲ့ အလောင်းရှေ့မှာပဲ အချိန်ပြည့် စောင့်ကြပ်နေပြီး လုံးဝမခွာခဲ့တာကြောင့် တာဝန်ရှိသူတွေဟာ ဘုရှ်ရဲ့ အလောင်းကို တင်ဆောင်လာတဲ့ လေယာဉ်ပေါ်မှာ ဆူလီကိုပါ တစ်ခါတည်း ခေါ်လာခဲ့ရပါတယ်။ ဒါ့အပြင်လည်း သခင်သစ် ဝေါ်လ်တာရိဒ်ကိုယ်တိုင်က ဘုရှ်ရဲ့ ဈာပန အခမ်းအနားပြီးမှသာ ဆူလီကို သူ့ဆီ ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သစ္စာရှိလွန်းတဲ့ ခွေးလေး ဆူလီကတော့ အမေရိကန်ပြည်သူတွေ ကြားမှာ အထူးရေပန်းစားနေပြီး ကွယ်လွန်သူဘုရှ်ရဲ့ ညွှန်ကြားမှုအရလည်း ဘုရှ်မိသားစုဝင်တွေက ဆူလီရဲ့ ကိုယ်ပိုင် အင်စတာဂရမ်ကောင့်ကိုလည်း ဖွင့်ပေးထားကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Ref : CNN , Huffingpost

READ
သမီးဦးမွေးပြီး ခြောက်ပတ်အကြာမှာ အမွှာကိုယ်ဝန် ထပ်ပြီးလွယ်ခဲ့တဲ့ အမျိုးသမီး

Zarni

SHARE