စမတ်ဖုန်းတွေကို ပျက်ဆီးအောင် လုပ်သလိုဖြစ်နေတဲ့ လွဲမှားမှု (၆) ချက်

pixabay

ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ ကိစ္စသေးသေးလေးတွေကို နေ့တိုင်းလုပ်ဖန်များလာတဲ့အခါကျ အချိန်ကြာလာတဲ့အခါ ကြီးကြီးမားမားပျက်ဆီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ်။ လူတိုင်းနေ့စဉ်မရှိမဖြစ် အသုံးအဆောင်ဟာ စမတ်ဖုန်းတွေဖြစ်နေတာကြောင့် ကိုယ့်ရဲ့စမတ်ဖုန်းလေးတွေကို မပျက်ဆီးအောင် ဘယ်လိုအချက်တွေကို ရှောင်ကျဉ်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

(၁) နေရောင်ခြည်အပူ သို့မဟုတ် အခြားသောအပူချိန်များနေတဲ့ ပြူတင်းပေါက်လိုနေရာ၊ စားပွဲခုံလိုမျိုးမှာ ဖုန်းတွေကိုထားခြင်းဟာ ဘတ်ထရီခံနိုင်ရည်နဲ့ စမတ်ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ကျဆင်းစေတဲ့အပြင် system chip တွေကိုလည်း ထိခိုက်နိုင်ပါတယ်။

Bright Side

(၂) USB ခေါင်း သို့မဟုတ် ဖုန်းဘတ်ထရီသွင်းတဲ့အခါ အတည့်လားပြောင်းပြန်လား သေချာမကြည့်ဘဲ ထိုးခြင်းကိုရှောင်ကျဉ်ကြပါ။

Bright Side

(၃) ဖုန်းမှလိုအပ်လာတဲ့အခါ Update လုပ်ခိုင်းတဲ့ software တွေ၊ system တွေနဲ့ firmware တွေကို မလိုအပ်ဘဲ update လုပ်ခြင်းဟာ သင့်ဖုန်းရဲ့ function တွေကို ကျဆင်းစေနိုင်ပြီး restart ခဏခဏကျခြင်း၊ ဖုန်းပိတ်သွားခြင်း၊ ဘတ်ထရီမခံတော့ခြင်းနှင့် လေးပင်ခြင်းတို့ကိုဖြစ်စေပါတယ်။

Bright Side

(၄) ယခုခေတ်စမတ်ဖုန်းတော်တော်များများတွေဟာ ဘတ်ထရီအသေတွေဖြစ်ပေမယ့် နောက်ကျောဘက်မှာပါတဲ့အဖုံးကိုဖွင့်ပြီး ဘတ်ထရီအဖြုတ်အတပ် လုပ်လို့ရတဲ့ စမတ်ဖုန်းတွေကိုတော့ မကြာခဏ ဖုန်တွေကို အခြောက်ခံပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။

READ
ကိုယ်ခန္ဓာမသန်စွမ်းပေမယ့် အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးများ
Bright Side

(၅) ဖုန်းကာဗာ သို့မဟုတ် အရှေ့မှန်ကို screen guard မတပ်ဆင်ထားတဲ့ဖုန်းများကို အိတ်ထဲအလွယ်တကူ ပစ်မထည့်မိပါစေနဲ့။

Bright Side

(၆) ဖုန်းမှာပါတဲ့ မူရင်းဘတ်ထရီအစား တွေ့ကရာပေါပေါပဲပဲဝယ်ယူခဲ့တဲ့ အစားထိုးဘတ်ထရီအသစ်တွေနဲ့ပြောင်းလဲအစားမထိုးမိပါစေနဲ့။ ဒီလိုအစားထိုးခြင်းကြောင့် ဖုန်းသုံးနေစဉ် ဘတ်ထရီဟာ သာမန်ထက်အဆပေါင်းများစာ ပိုပူနိုင်ပြီး hardware အပိုင်းတွေနဲ့ ဖုန်းတာရှည်ခံမှုတွေဟာ ယုတ်လျော့ပျက်စီးသွားနိုင်ပါတယ်။

Bright Side

Source: Bright Side

Penny

SHARE