သွားတိုက်တာနဲ့ ပတ်သက်ပြီး အမှတ်တမဲ့ လုပ်မိတတ်တဲ့ အမှား(၇)မျိုး

Image:freepik.com/luis-molinero

သွားကျန်းမာရေး အတွက် သွားတိုက် ခြင်းက နေ့စဉ် မဖြစ်မ နေ လုပ်ကို လုပ်ရမယ့်အ ရာ တစ်ခုပါ။သွားတိုက် တာ နဲ့ ပတ်သက်ပြီး လူတွေ လုပ်မိတတ်တဲ့ အမှားတွေ ရှိပါတယ်။သွားကို ဘယ်လို မှန်ကန်တဲ့ နည်းနဲ့ တိုက် ရမလဲ ဆိုတာက တော့ ကလေး ဘ၀ တည်းက သင်လာခဲ့ရတဲ့ အရာ မို့ ဒီအထဲမှာ ထည့် မပြော တော့ပါဘူး။သွားတိုက်ခြင်းနဲ့ ပတ်သက်ပြီး တခြား လုပ်မိတတ်တဲ့ အမှားတွေ အကြောင်းကိုတော့ healthdigest မှာ အခုလို ဖော်ပြထား ပါတယ်။

သွားတိုက်တံ လဲ ဖို့ မေ့တာ

Image:freepik.com/freepik

သွားတိုက်တံ ကို တော့ သုံးလ ဒါမှမဟုတ် လေး လ တစ်ခါ လဲ ပေးသင့်ပါတယ်။သွားတိုက် တံကို လ တွေ နှစ်တွေ အကြာ ကြီး မသုံး သင့်မှန်း လူတော်တော် များများက သိကြပေမယ့် လည်း လဲ ဖို့ ကျ တော့် မေ့လျော့ ပေါ့ ဆ နေမိတတ်ကြပါတယ်။သွားကိုသန့်ရှင်း အောင် လုပ် ပေးမယ့် သွားတိုက်တံ ကိုယ်တိုင်က ညစ်ပတ် နေလို့ မ ရပါဘူး။သွားရဲ့ ဗက်တီးရီးယားတွေနဲ့ ရေချိုးခန်းထဲက ဗက်တီးရီးယား ပိုးမွှား တွေ က သွားတိုက်တံ ကို သွားပြီး ကပ်ငြိ နေ နိုင်ပါတယ်။

သွားတိုက်ပြီးပြီး ခြင်း Cap လေးထဲ ထည့်တာ

Image:freepik.com/nensuria

သွားတိုက်တံ ရဲ့ အပေါ် ဘရှပ်ရှ် နေရာကို စွပ်တဲ့ အစွပ် Cap လေးတွေ ရှိပါတယ်။တစ်ချို့ သွားတိုက်တံတွေ မှာက ၀ယ်တည်းက ဒီလို Cap လေးတွေ တခါ တည်း ပါပြီးသားပါ။သွားတိုက်တံရဲ့ ဘရှပ်နေရာကို သန့်ရှင်းချင်လို့ အစွပ်လေး ထဲ ထည့်ထားတာ တော့ ဟုတ် ပေမယ့် တိုက်ပြီးပြီးချင်း တော့ မထည့် သင့်ပါဘူး။အဲ့ဒီလို ထည့်လိုက်ပြီဆိုရင် ခုနက သွားတိုက်ပြီး လို့ ရေစို နေတဲ့ ဘရှပ် က ဒီ Cap ထဲ ကို ရောက်သွားရင် ဗက်တီးရီးယား အကြိုက် ဖန်တီး ပေးလိုက်သလို ဖြစ်သွားမှာပါ။စိုထိုင်းထိုင်း နေရာ မျိုးတွေ မှာ ဘတ် တီးရီးယား တွေ က ကောင်းကောင်းကြီး ပေါက် ဖွား ရှင်သန် နိုင်ပါတယ်။ဒါကြောင့် သွားဘရှပ်ကို အရင် ခြောက် အောင် အပြင်မှာ ထား ပြီး မှ Cap ထဲ ကို ထည့်သင့်ပါတယ်။

READ
သင့်ဘ၀ကိုမကျေမနပ်ဖြစ်လာတဲ့အခါ မေ့ထားသင့်တဲ့အရာ(၅)မျိုး

အိမ်သာနဲ့ နီးနီးမှာ ထားတာ

အိမ်သာ ရေချိုးခန်း သပ်သပ်ဆိုရင်တော့ ပြဿနာ မရှိပေမယ့် ရေချိုးခန်း အိမ်သာ တွဲလျက်တွေ ဆိုရင် တော့ သွားတိုက် တံတွေ ကို  အလွယ် တကူ အိမ်သာ နားမှာ ပဲ ထားမိတတ်ပါတယ်။ဒါက တော့ လုံးဝ ကို မလုပ် သင့်ပါဘူး။ရေချိုးခန်း အိမ်သာ တွဲလျက် အခန်းကျဉ်း လေးထဲမှာ သွားတိုက်တံတွေကို ထားတာ အန္တရယ်များ ပါတယ်။အိမ်သာ သုံး ပြီးရင် အိမ်သာ မှာ ဗက်တီးရီးယား တွေ ကျန် နေခဲ့ပါတယ်။အဲ့ဒါကို မှ ကိုယ်က သွားတိုက်တံတွေ ကို အိမ်သာနားမှာ ထားမိလိုက်ရင် တော့ ကိုယ့်သွားတိုက်တံ က ပိုးပေါင်း စုံ စု သွားမှာ သေချာပါတယ်။

သူများနဲ့ မျှ သုံးတာ

Image:freepik.com/luis-molinero

လုံးဝ လုံးဝ ဝေမျှ မသုံးသင့်တဲ့ အရာပါ။တစ်ချို့ လင်မယား စုံတွဲ တွေ က သွားတိုက်တံ ကို အတူတူ ဝေမျှ သုံးတတ်ကြပါတယ်။ဒါ က တော့ လုံးဝ ကို မလုပ် သင့်ပါဘူး။ခံတွင်းဆိုတာ ဗက်တီးရီးယားတွေ စုနေတာပါ။ကိုယ့်သွားတိုက်တံ သူသုံး၊သူ့ဟာ ကိုယ်သုံး ဆိုရင် တော့ သူ့ပိုး ကိုယ့်ပိုး ပိုးဝေမျှ နေ သလို  ဖြစ်နေမှာပါ။

မနက်စာ စားပြီးပြီးချင်း သွားတိုက်တာ

လူအများစုက တော့ မိုးလင်းလာတာနဲ့ သွားတိုက် မျက်နှာ သစ်ကြပါတယ်။ပြီးမှ မနက်စာစားတာပါ။တစ်ချို့ကတော့ မနက် စာ စားပြီးမှ သွားတိုက်ရင် ပိုကောင်းမယ်ထင် ကြပါတယ်။ဒါက လုံးဝ မှားပါတယ်။မနက်မိုးလင်းလို့ အိပ်ယာ ထ လာရင် ခံတွင်းထဲ၊သွားတွေ မှာ ဗက်တီးရီးယားတွေ  ရှိနေပါတယ်။ဒါကြောင့် မနက်မိုးလင်းတာ နဲ့ ဗက်တီးရီးယားတွေကို အရင်ရှင်းထုတ်သင့်ပါတယ်။ဖလိုရိုက်ပါတဲ့ သွားတိုက် ဆေး တွေ ဆိုရင် သွားကို အစာ တွေ ကြောင့် ပျက်စီးမှာကို ကာကွယ် ပေးပါတယ်။တကယ်လို့ မနက်စာ စားပြီး မှတိုက်ချင် တယ်ဆိုရင် တော့ ချက်ချင်း မတိုက်ပဲ တစ်နာရီ လောက် စောင့်ပြီးမှ တိုက် သင့်ပါတယ်။

READ
စီးဆောစီးနေသလို ခံစားချက်မျိုးပေးနိုင်မယ့် ထူးထူးခြားခြားစီးဆောအိမ်

မြန်မြန် တိုက်တာ

Image:freepik.com/aleksrybalko

ဖုန်းကို နာရီ တွေ အများကြီး မျက်လုံး အ ညောင်းခံ ကြည့် ကြပါတယ်။ဒါပေမယ့် သွားကို မိနစ် ပိုင်းလေးပဲ သေချာ အချိန် ပေး တိုက် ဖို့ ကျ လူတော်တော် များများက ပျင်းကြပါတယ်။သွားတိုက်ဆို ရင် ပြီးပြီးရော မြန်မြန် တိုက် တတ်တာ ဟာ မလုပ် သင့်ပါဘူး။ဒါဆိုရင် ဘယ် လောက် ကြာကြာ တိုက်ရမှာ လဲ လို့ အားလုံးသိချင်ကြမှာပါ။နှစ်မိနစ်ပါ။တစ်ခါ တိုက်ရင် နှစ်မိနစ်နဲ့ တစ်နေ့ နှစ်ကြိမ် တိုက် ပေးသင့်ပါတယ်။

နာနာတိုက်တာ

Image:freepik.com/pressfoto

အ၀တ်အစားကို နာနာ ဖွပ်ရင် ပြောင်မယ် ထင်သလို သွားကိုလည်း နာနာ တိုက်ရင် ပို သန့်မယ်ထင် နေတာ ကလည်း မှားပါတယ်။သွား သန့် ကို အတင်းတွေ အားတွေ ထည့် ပြီး နာနာ တိုက် ဖို့ မလိုပါဘူး။အဓိက ကျတာက မှန်မှန် ကန်ကန် တိုက် ဖို့ ပါ။အားထည့် တိုက် ရင် တော့ ကြွေလွှာတွေ၊သွားဖုံးတွေ တောင် ထိခိုက် သွားနိုင်ပါ တယ်။အဆိုးဆုံးက တော့ သွားဖုံးပါ။သွားတိုက် ကြမ်းရင် သွားဖုံး က နေ သွေးယို တာတွေ ဖြစ်လာနို င်ပါတယ်။ဒါကြောင့် နည်းလမ်းမှန်မှန် တိုက်ပါ။ကြမ်းကြမ်းတမ်းတမ်း လုံးဝ မတိုက်ပါနဲ့။

#SHWEMOM

SHARE