တော်ရုံသတိမထားမိနေကြတဲ့ ဝိတ်ချရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများအကြောင်း

Pixabay-Tumisu

ကိုယ်အလေးချိန်လျှော့ချတယ်၊ ဝိတ်ချတယ်ဆိုတာ သိပ်တော့ လွယ်ကူလှတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာကြောင့်ဆိုရင် အစားအစာရော၊ အားကစားရောပါ ပူးတွဲပြီး လျှော့ကာမှ တော်ရာကျတာမလို့ အစားအသောက်စည်းမျဉ်းစည်းကမ်းတွေ၊ အားကစားစည်းမျဉ်းစည်းကမ်းတွေဆိုတာ အများကြီးရှိနေပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမှာကတော့ ဝိတ်ချရာမှာ ကြိုးစားသလောက်မဖြစ်မြောက်လာဘဲ ပင်ပမ်းရုံပဲ အဖတ်တင်စေမယ့် လုပ်လေ့လုပ်ထအမှားတွေပဲဖြစ်ပါတယ်။ ဘာများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) ကယ်လိုရီအရမ်းတွက်ခြင်း

ဒါကတော့ ဝိတ်လည်းချနေတယ်၊ ဝိတ်ချတဲ့အပေါ်မှာ ဗဟုသုတလည်း တော်တော်လေးရှိနေပြီဖြစ်တဲ့သူတွေ အများဆုံးနဲ့ အမှားဆုံးအချက်တစ်ချက်ပါပဲ။ ကယ်လိုရီတွက်ပြီး စားတယ်ဆိုတာ ကောင်းပါတယ်။ ဥပမာ သကြားပါတဲ့ ဒိန်ချဉ်တစ်ခွက်ဆို ကယ်လိုရီ ၁၂၀ ရှိတယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သင်စားတဲ့အစားအသောက်တိုင်း တိတိကျကျကြီး ကယ်လိုရီတွက်စားတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် ပါကင်ထုပ်ထားတဲ့အသင့်စားအစားအစာတွေနဲ့ အပြင်စာတွေပါပဲ။

ဒါကြောင့် ငါကတော့ ဒီနေ့ ကယ်လိုရီ ၁၅၀၀ စားမှာဆိုပြီး ၁၅၀၀ ကွက်တိမစားသင့်ပါဘူး။ ပိုတာတွေရှိနေလို့ပါပဲ။ အကောင်းဆုံးကတော့ အသင့်စား၊ အချို၊ အငန်၊ အဆီအစိမ့်၊ ဆီကြော်၊ ကာဗိုဟိုက်ဒြိတ် (အထူးသဖြင့် ထမင်း) တို့ကို ရှောင်စားပါ။ အစိမ်းရောင်အရွက်၊ သစ်သီးများ၊ အချဉ်၊ ပရိုတင်း၊ အသားအနည်းငယ်တို့ကို စားတာ အကောင်းဆုံးပါပဲ။

READ
မိမိရဲ့ကလေး လူကြားထဲမှာအကြောက်မကြီးစေဖို့
Pixabay-keram

(၂) လေ့ကျင့်ခန်းလုပ်နှုန်းကို မြှင့်တင်လိုက်ခြင်း

ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အစားအစာရော လေ့ကျင့်ခန်းရော တွဲကူပါမှ ကျန်းမာတဲ့ ဝိတ်ချနည်းမျိုးဖြစ်မှာပါ။ လေ့ကျင့်ခန်းအများကြီးလုပ်လို့ ဝိတ်ကျတယ်ဆိုတာ မှန်ပေမယ့်လို့ ဘယ်သူမဆို ကိုယ့်ခန္ဓာနဲ့ကိုယ် အတိုင်းအတာဆိုတာ ရှိပါတယ်။

တစ်ခါမှ ကိုယ်လက်လှုပ်ရှားမှုတောင် မပြူလုပ်ဖူးသူတွေအနေနဲ့ ဝိတ်ချမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီး နောက်နေ့ဂျင်သွား၊ အလေးတွေစွတ်မ၊ cardio တွေ စွတ်ခုန်နေလို့ အဆင်မပြေပါဘူး။ လေ့ကျင့်ခန်း ၃ လဆော့ဖူးသူနဲ့ အခုမှ စဆော့မယ့်သူရဲ့ ခံနိုင်ရည်အား၊ စွမ်းဆောင်ရည်တောင် မတူညီနိုင်တဲ့အတွက် အစမှာတင် ဝုန်းဒိုင်းချဲလိုက်တဲ့အခါ စိတ်ရောကိုယ်ပါ အဆမတန်ပင်ပန်းသွားပြီး နောက် လေ့ကျင့်ခန်းဆို အသံတောင်မကြားချင်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို ဖြေးဖြေးချင်း တစ်နေ့ပြီးတစ်နေ့ မြှင့်မြှင့်ပြီး လုပ်ဆောင်ရပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ကိုယ်လက်တွေနာလို့ဆိုပြီး နားလိုက်တာမျိုးလည်း ဘယ်တော့မှ မလုပ်မိစေဖို့ သတိထားရပါလိမ့်မယ်။

Pixabay-scottwebb

(၃) လေ့ကျင့်ခန်းတစ်မျိုးတည်းပဲလုပ်ခြင်း

ဂျင်သွားတယ်၊ အလေးချည်းမနေတယ် ဒါမှမဟုတ် ပြေးစက်ချည်းပဲ တက်နေမယ်ဆိုရင်တော့ အချိုးအစားပြေပြေပြစ်ပြစ်နဲ့ ကိုယ်အလေးချိန်ကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုငပါဘူး။ တတ်ကျွမ်းတဲ့သူနဲ့တိုင်ပင်ပြီး လေ့ကျင့်ခန်းကို စုံအောင်ဆော့ပေးပါ။

READ
ညဘက်မှာ ကောင်းကောင်းအိပ်မပျော်သူများ လုပ်သင့်တဲ့အချက် (၆)ချက်
Pixabay-blackmachinex

(၄) ပေါင်ချိန်စက်ကို အလုံးစုံမယုံကြည်ပါနဲ့

အစားရောရှောင်၊ လေ့ကျင့်ခန်းရော လုပ်နေတဲ့အချိန်မှာ ပေါင်ခဏခဏချိန်တာမျိုး လွုံးဝမလုပ်ပါနဲ့။ တစ်လမှ တစ်ခါဆိုတော်ပါပြီ။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေအနေနဲ့ ပေါင်ချိန်စက်ပေါ်က ကဏန်းတွေ တက်လာခြင်းဟာ အဆီကနေ မာဆယ်အဖြစ်ပြောင်းသွားတာတို့၊ လျော့တိလျော့ရွဲအသားအရေကနေ ကျစ်လျစ်သွားတာတို့ဆိုရင် ကိုယ်အလေ့ချိန် တက်လာနိုင်လို့ပါပဲ။

ဒါကြောင့် ကိုယ်ဝတ်လို့မရတဲ့ အဝတ်အစားတွေနဲ့ ခန္ဓာကိုယ်အခြေအနေကို လေ့လာနိုင်ပြီး ပေကြိုးသုံးပြီးလည်း ပိန်သွားမသွားတိုင်းတာနိုင်ပါတယ်။

Pixabay-happyveganfit

Penny

SHARE