သောက်သုံးရေကိုဖြုန်းတီးခြင်းဟာ အိန္ဒိယနိုင်ငံမှာတော့ ပြစ်မှုမြောက်ပါတယ်။ ပြစ်မှုကိုချိုးဖောက်ခဲ့ရင် ထောင်ဒဏ်၅နှစ်အထက် သို့မဟုတ် ရူပီးငွေ၁သိန်းအထိ ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။ The Central Ground Water Authority (CGWA) ရဲ့ဝန်ကြီး Jal Shakti က ဒီအက်ဥပဒေကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ Rajendra Tyagi နဲ့ NGO သူငယ်ချင်းတွေရဲ့အသနားခံစာကို ကြားနာပြီးနောက်မှ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ ရေတွေဖြုန်းတီးတာ တလွဲအသုံးချတာမျိုးတွေအတွက် အပြစ်ပေးဖို့အသနားခံစာတင်ခဲ့တာပါ။ ကြေညာချက်အရ အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ ပြည်နယ်တွေအားလုံးမှာလည်း မြေအောက်ရေကိုအလွဲသုံးစားလုပ်တာမျိုး၊ စက်ပစ္စည်းတွေအသုံးပြုပြီး ရေအရင်းအမြစ်ရယူတာမျိုးတွေမလုပ်ကြဖို့ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင်း မြေအောက်က ရေအရင်းအမြစ်တွေကို ဘယ်နိုင်ငံသားမှ မဖြုန်းတီးစေရန်နဲ့ တကယ်လို့သာ မလိုက်နာဘူးဆိုရင် ထောင်ဒဏ်၅နှစ် သို့မဟုတ် ဒဏ်ငွေရူပီး၁သိန်း သို့မဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်စလုံးချမှတ်ခံရမည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြေအောက်ရေကိုဖြုန်းတီးခြင်းအတွက် သက်ဆိုင်ရာပြစ်ဒဏ်တွေကိုလည်း ထည့်သွင်းစီမံထားဖို့ ပြည်နယ်အားလုံးကိုညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

National Commission on Integrated Water Resources Development အရ အိန္ဒိယမှာရှိတဲ့ စုစုပေါင်းရေထုထည်ပမာဏဟာ တစ်နှစ်ကို ၄,၀၀၀ ဘီလီယံကုဗမီတာရှိပေမယ့် တကယ်တမ်း အသုံးပြုနိုင်တဲ့ရေပမာဏကတော့ ၁,၁၂၂ ဘီလီယံကုဗမီတာသာရှိတယ်လို့သိရပါတယ်။ ရေတိုင်ကီတွေကနေ ရေလျှံကျခြင်း၊ အိမ်သာထဲ flush အလွန်အကျွံလုပ်ခြင်း၊ ရေချိုး/ လက်ဆေး/ မီးဖိုချောင်မှာ ရေအသုံးများခြင်း၊ ရေပေးဝေခြင်း ရေဖြန့်ဖြူးခြင်းစတာတွေဟာ ရေပြုန်းတီးရခြင်းရဲ့အဓိကအချက်တွေဖြစ်ကြောင်း ဝန်ကြီးက ဆိုခဲ့တာကို newindianexpress အရသိရပါတယ်။
ShweMom