
တရုတ်မင်းသမီးချောလေး Miya Muqui ကိုတော့ ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများ သိရှိကြပြီ ဖြစ်မှာပါ။ Miya ဟာ Kung Fu Yoga, Vanguard, Tome Robber, The Monkey King 2, Warriors of the Nation အစရှိတဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ Miya ဟာ သူရိုက်တိုင်း ဇာတ်ကားတိုင်းက အန္တရာယ်ရှိတဲ့ စွန့်စားခန်းမှန်သမျှကို ဘယ်သောအခါမှ လူစားမထိုးပဲ အမြဲလိုလို သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်လေ့ရှိတဲ့ အက်ရှင်မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Miya ဟာ ကိုယ်ခံသိုင်းပညာကို သေသေချာချာ လေ့လာလိုက်စားပြီး ကျွမ်းကျွမ်းကျင်ကျက် တတ်မြောက်ထားတဲ့ တရုတ်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
နောက်ထပ် Miya ရဲ့ ထူးခြားချက်တစ်ခုကတော့ အက်ရှင်ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် အဆိုပါ အက်ရှင်ဇာတ်ကားကားထဲမှာ ပါဝင်တဲ့ အက်ရှင်ခန်းတွေအတွက် အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် သင်ယူလေ့ ရှိတာ ဖြစ်ပါတယ်။ နောက်ဆုံး ရိုက်ခဲ့တဲ့ Vanguard ဇာတ်ကားမှာဆိုရင်လည်း ရုပ်ရှင်မရိုက်ခင်ကတည်းက jiu-jitsu, ကိုယ်ခံသိုင်းပညာ၊ အမြင့်ခုန်ချခြင်း၊ ဆိုင်ကယ်စီးခြင်း အစရှိတဲ့ သင်တန်းတွေကို တောက်လျှောက်တက်ပြီး သင်ယူခဲ့တာပါ။ ဒါ့ကြောင့်လည်း Vanguard ဇာတ်ကားရိုက်တဲ့အခါမှာ မင်းသားကြီး Jackie Chan လို အက်ရှင်ခန်းတော်တော်များများကို လုံးဝလူစားမထိုးပဲ Jackie Chan နဲ့ Vanguard ဇာတ်ကားထဲမှာ အပေးအယူမျှတစွာနဲ့ အက်ရှင်ခန်းတွေကို ရိုက်ကူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးတော့ Vanguard ဇာတ်ကားနဲ့ Kung Fu Yoga ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Stanley Tong kwai-lai ကိုယတိုင်ကပါ Miya သရုပ်ဆောင်တဲ့ အက်ရှင်ခန်းတွေဟာ တီဗ္ဗီထဲမှာသာမက ရိုက်ကွင်းမှာပါ တော်တော်လေး ကြည့်လို့ကောင်းကြောင်း၊ သူမရဲ့ သရုပ်ဆောင်မှုတွေဟာ တရုတ်အက်ရှင်မင်းသမီး Michelle Yeoh လိုမျိုး သပ်ရပ်ကြောင်း အင်တာဗျူးတစ်ခုမှာ ချီးကျူးပြောဆိုခဲ့ဖူးပါသေးတယ်။
“ကျွန်မရဲ့ အကြိုက်ဆုံးနဲ့ Role Model အဖြစ် စံတင်ထားရတဲ့သူကတော့ Scarlett Johansson ပါပဲ။ Scarlett ရဲ့ တစ်ကယ့်လက်တွေ့ဘဝက ပုံစံကော၊ ဇာတ်ကားထဲက ပုံစံကောက ကျွန်မရဲ့ အကြိုက်ဆုံး ပုံစံတွေပါပဲ။ Scarlett တစ်ယောက် Black Widow အဖြစ် တောက်လျှောက်သရုပ်ဆောင်လာခဲ့တဲ့ Marvel ဇာတ်ကားတွေကတော့ ဘယ်နှခါကြည့်ကြည့် လုံးဝမရိုးနိုင်တဲ့ ဇာတ်ကားတွေပါပဲ”လို့ Miya က ပြောကြားခဲ့ပါတယ်။
View this post on Instagram
感恩你们一直关注我~~给你们我的❤️❤️❤️……Thank you for always paying attention to me~~ give you my embarrassment…
Pyi Hein Kyaw