ကွင်းဆင်းစစ်ဆေးနေရင်းနဲ့ ကလေးပါ လမ်းကြုံဝင်မွေးပေးခဲ့တဲ့ အိန္ဒိယလွှတ်တော်အမတ်

[email protected] ZR Thiamsanga Pixabay-sasint

အိန္ဒိယနိုင်ငံဟာ လက်ရှိအခြေအနေမှာ မုန်တိုင်းဒဏ်တွေ၊ ငလျင်လှုပ်မှုတွေ၊ ရေကြီးမှုဒဏ်တွေ အစရှိတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ရိုက်ခတ်မှုတွေကို တော်တော်လေးခံစားနေရတဲ့ အခြေအနေပါ။ တိုင်းပြည်ရဲ့ တာဝန်ရှိသူတွေကလည်း နေ့မအိပ်ညမနားနဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ နေရာတွေကို ကွင်းဆင်းပြီး လိုက်လံစစ်ဆေးကာ လိုအပ်တာတွေကို ထောက်ပံ့ပေးလျက် ရှိပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံ၊ Mizoram ပြည်နယ်ရဲ့ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးဟာ ကွင်းဆင်းစစ်ဆေးနေတုန်း မွေးဖွားခါနီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ကို သူကိုယ်တိုင် မွေးဖွားပေးခဲ့ကြောင်း Timesnownews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] ZR Thiamsanga

အဆိုပါ အမတ်ကတော့ Mizoram ပြည်နယ်ရဲ့ လွှတ်တော်အမတ် ZR Thiamsanga ပဲ ဖြစ်ပါတယ်။ ZR Thiamsanga ဟာ ဆေးပညာဆိုင်ရာနဲ့ လဘွဲ့ရရှိထားသူတစ်ယောက်ဖြစ်ပြီး ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၀.၈.၂၀၂၀) တုန်းက ZR Thiamsanga ဟာ သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ Champhai မြို့ကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန် မြို့အပြင်ရှိ ဒုက္ခသည်စခန်းမှာ ဝင်ရောက်စစ်ဆေးနေတုန်း ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ဟာ မွေးဖွားခါနီး အခြေအနေဖြစ်နေတာကို ကြုံတွေ့ခဲ့ရပါတယ်။

READ
ရဲတင်းကိုသုံးပြီး ဓားပြတိုက်ဖို့ ကြိုးစားခဲ့သူ၊ မျက်ရည်လည်ရွဲနဲ့ ဒူးထောက်တောင်းပန်ခဲ့ရတဲ့အဖြစ်

 

အဆိုပါမြို့ရှိ ဆရာဝန်ကလည်း နေမကောင်းဖြစ်နေတာကြောင့် ဆေးခွင့် ယူထားတဲ့အပြင် အနီးဆုံးဆရာဝန်ရှိတဲ့နေရာဆီသွားပြီး မွေးဖို့ကျပြန်တော့လည်း အချိန်အတော်ကြာနိုင်တာကြောင့် ZR Thiamsanga ကိုယ်တိုင် အဆိုပါ ကိုယ်ဝန်သည်အမျိုးသမီးကို ဝင်ရောက်မွေးဖွားခဲ့ပါတယ်။ “ ကလေးကော အမေကော အခြေအနေကောင်းပြီး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ဒါနဲ့ဆို ကလေးမွေးတာ ဒုတိယအကြိမ်ရှိပြီဆိုတော့ ခက်ခက်ခဲခဲ မွေးရတာမျိုးတော့ မရှိပါဘူး” လို့ ZR Thiamsanga က ပြောကြားခဲ့ပါတယ်။

READ
အုပ်စုဖွဲ့ လိမ်လည်မှုကြောင့် တရုတ်လူမျိုး(၁,၀၀၀)ကျော်ကို ဖမ်းဆီးခဲ့တဲ့ မလေးရှားရဲတပ်ဖွဲ့
[email protected] ZR Thiamsanga

Pyi Hein Kyaw

SHARE