ဖူးယောင်နေတဲ့ မျက်နှာတွေနဲ့ အောင်လအန်ဆန်နဲ့ဟာဆီဂါဝါ

မနေ့ညတုန်းက အောင်လအန်ဆန်နဲ့ ထိုးသတ်ခဲ့တဲ့ ဂျပန်တိုက်ခိုက်ရေးသမား ဟာဆီဂါဝါ ဟာ ပြိုင်ပွဲအတွင်းရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ပွဲပြီးဆုံးချိန်မှာ ဆေးရုံကိုပို့ဆောင်ခဲ့ရပေမယ့် ဒီနေ့မနက်မှာတော့ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာခဲ့ပါတယ်။

Ye Aung Aung’s FB

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး MMA တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ ဟာဆီဂါဝါဟာ အောင်လအန်ဆန်ရဲ့လက်သီးချက်တွေကြောင့် မျက်နှာမှာသွေးတွေထွက်တဲ့အထိ ဒဏ်ရာတွေရရှိသွားခဲ့ပြီး ပွဲအပြီးမှာ သတိမေ့သွားခဲ့တာပါ။ ဆေးရုံကို ရောက်ရှိပြီးနောက် ည (၁) နာရီဝန်းကျင်မှာ သတိရလာခဲ့ပြီး ဦးခေါင်းကို ဓာတ်မှန်ရိုက်ဖို့ ဆရာဝန်တွေက ညွှန်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီနေ့မနက်မှာတော့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေနဲ့အတူ ပြန်လည်ကောင်းမွန်လာတဲ့ ဟာဆီဂါဝါရဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေအပေါ်မှာ မြင်တွေ့နေကြရပြီး သူ့ရဲ့ဒဏ်ရာတွေက ထင်သလောက်မဆိုးဘူးလို့ မျှော်လင့်ရပါတယ်။

Da Rock’s FB

ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ယောက်က စားသောက်ဆိုင်တစ်ခုမှာ အတူရှိနေကြတဲ့ အောင်လအန်ဆန်နဲ့ ဟာဆီဂါဝါတို့ရဲ့ပုံတွေကို ဖော်ပြခဲ့ပြီး မျက်နှာမှာ ဖူးယောင်ဒဏ်ရာကိုယ်စီနဲ့ တိုက်ခိုက်ရေးသမားနှစ်ယောက်ဟာ အတူတွဲလို့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

READ
အန္တရာယ်ရှိတဲ့ ကပ်ရောဂါဗိုင်းရပ်စ်ပိုးတွေ ထိန်းသိမ်းသိုမှီးထားတဲ့ ဓာတ်ခွဲခန်းပေါက်ကွဲ

အောင်လအန်ဆန်ဟာ ပြိုင်ပွဲရဲ့ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ “ဒီတစ်ကြိမ်တော့ ကုလားကားကြည့်ရသလိုမျိုး ထိုးသတ်မှာပါ အားလုံးကြည့်ပြီးတော့ ပျော်ရွှင်နိုင်အောင် အကြာကြီး ထိုးသတ်ပေး သွားမှာပါ” လို့ ပြောဆိုသွားခဲ့တဲ့အတိုင်းပဲ ညတုန်းက ပြိုင်ပွဲဟာ အချိန်အကြာကြီးထိုးသတ်ခဲ့ရပြီး ပရိသတ်တွေအကြိုက်တွေ့တဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

Da Rock’s FB

Linn

SHARE