ဝေဖန်ပေးဖို့က ယူ့အလုပ်ပါလို့ဆိုလာတဲ့ MODA ရဲ့ ကာဗာမော်ဒယ်လေး နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မော်ဒယ်၊ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မကြာခဏဆိုသလို ဝေဖန်မှုတွေကို ခံရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

နေခြည်ဦးကတော့ ဒီကနေ့မှာ လည်း ဓါတ်ပုံ အသစ်တွေကို တင်ပေးလိုက်ပြီး သူမကို ဝေဖန်ပေးကြဖို့အတွက် ပရိသတ်တွေကို ပြောလိုက်ပါပြီ။ နေခြည်ဦးကတော့” ပြောင်းလဲမှုကို ဖန်တီးနေရမှာက ကိုယ့်အလုပ်ဝေဖန်ပေးဖို့က ယူ့အလုပ်ချစ်နေရမှာက chillies တွေအလုပ်” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဒီဇင်ဘာလထုတ် MODA မဂ္ဂဇင်းအတွက် ကာဗာမော်ဒယ်အဖြစ် ပါဝင်ထားတဲ့ နေခြည်ဦးရဲ့ ဓါတ်ပုံတွေကတော့ တကယ့်ကို အမိုက်စားတွေပဲနော် ပရိသတ်ကြီးရေ။ နေခြည်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Nay Chi Oo

SHARE