Victoria’s Secret ရဲ့ ပထမဆုံး အရှေ့တောင်အာရှ မော်ဒယ်ဖြစ်လာမယ့် ဖိလစ်ပိုင်သူလေး

ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်တစ်ဦးဟာ မကြာခင်မှာ ကျင်းပမယ့် Victoria’s Secret ဖက်ရှင်ရှိုးမှာ လျှောက်ဖို့ အရွေးချယ်ခံရပါတယ်။ ဒီလိုရွေးချယ်ခံရတာကြောင့် သူမဟာ  Victoria’ Secret ရဲ့ ပထမဆုံး ဖိလစ်ပိုင်မော်ဒယ် ဖြစ်လာခဲ့ပါတယ်။

သူမ နာမည်က Kelsey Merritt လို့ ခေါ်ပါတယ်။ အသက်ကတော့ (၂၁) နှစ်ရှိပါပြီ။ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်ကမှ New York ကို ပထမဆုံးအဖြစ် ပြောင်းရွေ့လာခဲ့ပါတယ်။ အဲ့ဒီကတည်းက သူမဟာ တစ်နေ့ Victory’s Secret ဖက်ရှင်ရှိုးတွေမှာ လျှောက်နိုင်ရမယ်ဆိုတဲ့ အိပ်မက်တွေ ရှိခဲ့တာပါ။

Instagram

အခုဆို သူမရဲ့ အိပ်မက်တွေက တကယ်လက်တွေ့ဖြစ်လာခဲ့ပါပြီ။ သူမဟာ နိုဝင်ဘာ (၈) ရက်နေ့ New York မြို့မှာ ကျင်းပမယ့် Victoria’s Secret ရဲ့အမျိုးသမီး အတွင်းခံ ဒီဇိုင်းအသစ် မိတ်ဆက်ပွဲမှာ တခြားနာမည်ကြီး မော်ဒယ်တွေဖြစ်တဲ့ Adriana Lima, Gigi Hadid, Kendall Jenner နဲ့ Behati Prinsloo တို့နဲ့ အတူ ပွဲဦးထွက်ကို လျှောက်လှမ်းခွင့်ရခဲ့ပြီဖြစ်ပါတယ်။

Instagram
Instagram

သူမဟာ ဖက်ရှင်ရှိုးမှာ ပါဝင်ခွင့်ရမယ့် အကြောင်းကို စက်တင်ဘာလ အစမှာ အင်စတာဂရမ်ပေါ်ကနေပြီး ကြေညာခဲ့ပါတယ်။ ဒီလို ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး New York Post နဲ့ အင်တာဗျူးမှာတော့ အားလုံးက ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကျေးဇူးတော်အတိုင်း ဖြစ်လာခဲ့တာလို့ သူမက ပြောသွားခဲ့ပါတယ်။

READ
ပရိသတ်တွေကြားပျံနှံ့နေတဲ့ မထက်နဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓါတ်ပုံတွေ

သူမက ဘုရားကျောင်းသွားတယ်၊ ဆုတောင်းတယ်၊ အားလုံးကို ဘုရားရဲ့ လက်ထဲ အပ်နှံထားခဲ့တယ်ဆိုပြီး ပြောပါတယ်။ လူရွေးချယ်တဲ့ အဆင့်ကို အကောင်းဆုံးကြိုးစားခဲ့ပြီး ကျန်တာကို ဘုရားသခင်ရဲ့ အစီအမံအတိုင်းပဲလို့ သူမက အင်တာဗျူမှာ ပြောခဲ့ပါတယ်။

Instagram

Kelsey က ဖိလစ်ပိုင်နိုင်ငံက Pampanga ဆိုတဲ့ ဒေသမှ ဖြစ်ပါတယ်။ Ateneo University de Manila University မှာ ပညာသင်ကြားနေတုန်းကတည်းက မော်ဒယ် ခြေလှမ်းတွေ အစချီခဲ့တယ်လို့ သိရပါတယ်။ သူမ တက်ခဲ့တဲ့ တက္ကသိုလ်က နာမည်ကြီးထဲက တစ်ခုဖြစ်ပြီး အများအားဖြင့် အင်္ဂလိပ် ဘာသာစကားကို ပြောဆိုသုံးစွဲကြပါတယ်။ သူမက ဖိလစ်ပိုင် ဘာသာစကားကိုသာ အပြောများတော့ အတန်းဖော်တွေရှေ့မှာ အင်္ဂလိပ်စကားပြောရမှာ သိပ်ကြောက်တဲ့ သူလည်းဖြစ်ခဲ့ပါတယ်။ သူမရဲ့ အသံထွက်ကြောင့် နည်းနည်း ကသိကအောက်ဖြစ်ရပြီး အဆင် သိပ်မပြေခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အခုတော့ ဘာမှဖြစ်စရာမရှိ အေးဆေးဖြစ်သွားပါပြီတဲ့။

GC image
GC image

Wilhelmina ဆိုတဲ့ မော်ဒယ် အေဂျင်စီက သူမကို (၂၀၁၅) ကို အင်စတာဂရမ်ပေါ်ကတဆင့် တွေ့ရှိခဲ့ပြီး New York ကို (၄) လ အလာလည်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားခံရတဲ့  အစီအစဉ်မှာလည်း သူမရဲ့ ကြယ်စင် အရည်အသွေးတွေဟာ ပေါ်လွင်ခဲ့ပါတယ်။ ဒါတောင် အဲ့ဒီအချိန် ကျောင်းက မပြီးခဲ့သေးပါဘူး။

READ
သူငယ်ချင်း မင်းသွေးရဲ့ ရက်လည်ကိုသွားရောက်ပြီး ကိုယ်စားဒါနပြုခဲ့တဲ့ စည်ဖြိုး

ကျောင်းပြီးလို့ (၂၀၁၇) ခုနှစ်မှာတော့ နယူးယောက်ကို တရားဝင်ပြောင်းရွှေ့ခဲ့ပါတယ်။ သူမ ပါဝင် ရိုက်ကူးခဲ့တဲ့ Victoria’s Secret ရဲ့ အတွင်းခံ ဖိုတိုရှုမှာလည်း များစွာသော စိတ်အာရုံတွေရဲ့ စူးစိုက်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ရည်မှန်းချက်ကတော့ ရှိုးလျှောက်ခွင့်ရဖို့ တစ်ခုတည်းလို့ သိရပါတယ်။

Instagram

သူမဟာ အခုလို ရွေးချယ်ခံရတယ်ဆိုတာ ကြေညာပြီးကတည်းက ရှိုးအတွက် သူမကိုယ် သူမပြင်ဆင်၊ လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၂) လ လောက်ကတည်းက သကြားဓာတ်တွေ၊ အချိုဓာတ်တွေကို ရှောင်ပစ်ခဲ့ပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေပြီး တစ်ခါတစ်ရံ တစ်နေ့ကို (၂) ကြိမ် အားကစား လုပ်တယ်လို့ သိရပါတယ်။ အခု ပွဲကျင်းပဖို့ မလိုတော့တဲ့ အချိန်မှာ သူမကိုယ်စားပြုမယ့် ဖိလစ်ပိုင်ပြည်သူတွေကလည်း သူမကို သိပ်အာရုံစိုက်နေကြပါတယ်။

Victoria’s Secret က ဖိလစ်ပိုင်နိုင်ငံမှာ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူမအနေ့ နိုင်ငံအတွက် တစ်ခုခု ပြန်အကျိုးပြုနိုင်မယ်လို့ ခံစားရကြောင်း ပြောပါသေးတယ်။ သူမ ပါဝင် လျှောက်လှမ်းမယ့် ရှိုးပွဲကို ဒီဇင်ဘာ (၂) ရက်နေ့ ည (၁၀) နာရီမှာ ပြန်လည်ထုတ်လွှင့်မယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Source: Daily Mail

Matthew
SHARE