ပါကစ္စတန်မြို့ကအထွက်မှာ သန်းချီတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ ဖမ်းခံခဲ့ရတဲ့ မော်ဒယ်

ပါကစ္စတန်ကနေ အိုင်ယာလန်ကို ပြန်မယ့် မော်ဒယ်တစ်ယောက်ဟာ ယူရိုငွေ (၁.၁) သန်းတန်းဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့ အတူဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။

The Sun

Tereza Hluskova (၂၂ နှစ်) လို့ သိရတဲ့ ဒီမော်ဒယ်ဟာ အခုဆို ပါကစ္စတန် တရားရုံးမှာပဲ ပြစ်မှုအတွက် စစ်ဆေးစီရင်ခံနေရပြီး စစ်ဆေးနေတုန်း ငိုယိုခဲ့လို့ အမှုကို ခဏရွှေ့ဆိုင်းထားတယ်လို့ သိရတယ်။

ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက Lahore လေဆိပ်ကနေ အဘူဒါဘီမြို့ကို တစ်ဆင့်သွားပြီး Dublin မြို့ကို ပြန်မယ့် (အိုင်ယာလန်) သူမရဲ့ ခရီးဆောင် အိတ်ထဲက အရုပ်တွေထဲ ဘိန်းဖြူ (၈) ကီလိုခွဲကို တွေ့ရှိခဲ့တာပါ။ ချက်လူမျိုးတစ်ယောက်ဖြစ်တဲ့ သူမက မော်ဒယ်အလုပ်ကိစ္စတစ်ခုနဲ့ ပါကစ္စတန်ကို ရောက်လာခဲ့တာဖြစ်ကြောင်း အပြန်မှာ သူမရဲ့ အိတ်ထဲ ဘယ်သူတွေက မူးယစ်ဆေးဝါးတွေကို ထည့်လိုက်တာလဲဆိုတာ ဘယ်လိုမှ စဉ်းစားမရကြောင်း အာဏာပိုင်တွေကို ပြောပြပါတယ်။

READ
အရက်ဝယ်ဖို့အသက်မပြည့်လို့ အမေဖြစ်သူရဲ့အ၀တ်အစားတွေနဲ့IDကိုသုံးပြီးဝယ်ခဲ့သူ
The Sun
The Sun

Hluskova ရဲ့ ဖုန်းထဲက ခေါ်ဆိုမှု စာရင်းနောက်ကို လိုက်ပြီး နောက်ထပ် အမျိုးသားနှစ်ယောက်ကို သက်ဆိုင်ရာက ထပ်ပြီး ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်။

The Sun

မော်ဒယ်ကတော့ ပါကစ္စတန်မှာပဲ အာမခံနဲ့ ဆက်ရှိနေပြီး  နောက်ထပ် သက်သေတွေဆီက ထွက်ဆိုချက်တွေ ထပ်ကြားနာဖို့ အခု တရားရုံက အမှုစီရင်တာကို ခဏရွှေ့ဆိုင်းထားပါတယ်။ တကယ်လို့များ ပြစ်မှုထင်ရှားတယ်ဆိုရင် သူမအနေနဲ့ အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်ကျ ခံရမှာဖြစ်ပါတယ်။ အဲ့ဒီမှာက (၁၀) ကီလိုကျော်နဲ့ အဖမ်းခံခဲ့ရသူတွေဆို သေဒဏ်ပါ ပေးတယ်ဆိုတာလည်း သိရပါသေးတယ်။

The Sun

မော်ဒယ် Hluskova ဟာ မန်ချက်စတာမြို့က ဓာတ်ပုံစတူဒီယို တစ်ခုအယောင်ပြ ဖွင့်ထားတဲ့ ပါကစ္စတန် အမျိုးသားတစ်ယောက်နဲ့ တွေ့ဖို့ ရှိနေခဲ့တာဖြစ်တယ်လို့ အာဏာပိုင်အဖွဲ့အစည်းတွေက စွဲဆိုနေကြပါတယ်။

READ
လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီိယိုရဲ့ လျှို့ဝှက်ချက်
The Sun

သူမဟာ ပါကစ္စတန်က အောင်မြင်တဲ့ ဘရန်းတစ်ခုရဲ့ ကုန်ပစ္စည်းကြေငြာအတွက် မော်ဒယ်လုပ်ပေးဖို့အတွက် ရောက်နေခဲ့တာဖြစ်တယ်။ ပေးလာတဲ့ အနုပညာကြေးကလည်း မက်မက်စက်စက် ရှိတဲ့အခါမှာတော့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ပြည်ထဲရေးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။

သူမ Gujranwala မြို့ မှာ ရက်အနည်းငယ်ကြာအောင် တည်းခိုခဲ့ပြီး  ပေးလိုက်တဲ့ ဘိန်းဖြူအိတ်နဲ့ အတူ အဘူဒါဘီမြို့ကို မထွက်ခွာခင် Lahore လေဆိပ်မှာ တွေ့ခဲ့ရတာဖြစ်တယ်လို့ သတင်းဖော်ပြချက်တွေမှာတွေ့ရှိပါတယ်။

The Sun
The Sun

သူမကို ဖမ်းဆီးခဲ့ပုံ ဗီဒီယိုဟာလည်း အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ သူမက သူတို့ ခရီးဆောင်အိတ်အတွက် တစ်စုံတစ်ချို့ပေးခဲ့တယ်၊ ပြီးတော့  အရုပ် (၃) ရုပ်လား ဘာလဲမသိ လက်ဆောင်ဆိုပြီးပေးလိုက်ကြောင်း၊ အထဲမှာ တစ်ခုခုပါနေတာ သူမအနေနဲ့ တကယ်မသိခဲ့ကြောင်း ပြောဆိုနေတာကိုလည်းတွေ့ခဲ့ရတယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Source: The Sun

Matthew 

 

SHARE