အင်တာနက်ပေါ်မှာ အားပေးတဲ့ပရိသတ်များလာတဲ့ အာဖရိက တင်အကြီးဆုံးမော်ဒယ်

အိုင်ဗရီကို့စ်နိုင်ငံဖွား Eudoxie Yao လို့ အမည်ရတဲ့ မော်ဒယ်အမျိုးသမီးကတော့ အနောက်အာဖရိကမှာ တင်ပါးအကြီးဆုံး အမျိုးသမီးဖြစ်တစ်ယောက် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သူမရဲ့ လက်ရှိ ခန္ဓကိုယ်အနေအထားနဲ့တင် ဒီအဖြေက
ရှင်းနေပါပြီ။ Yao ဧရာမ ဆိုဒ်လွန်ခန္ဓာကိုယ်အနေအထားကြောင့် သူမကို ဒေသတွင်း နိုင်ငံတွေက တစ်ခဲနက် အားပေးကြပါတယ်။

Yao ဟာ သူမရဲ့ လူမှုကွန်ယက်မှာ နေ့စဉ် ဓာတ်ပုံ ဒါဇင်နဲ့ချီပြီး ဖြန့်ဝေပြီး အခိုင်အမာပရိသတ်တွေ စုဆောင်းနိုင်ခဲ့သလို၊ တစ်ခါတရံမှာတော့ ဗွီဒီယိုတွေလည်း တင်လေ့ရှိပါတယ်။ သူမကို ဒေသခံရေဒီယိုအစီအစဉ်တွေက သူမရဲ့တင်ပါးဟာ 100% အစစ် ဟုတ်ရဲ့လားလို့ မေးခဲ့ကြပြီး၊ အဲဒီနောက်ပိုင်းမှာ Yao ကို အားပေးတဲ့ ပရိသတ်တွေ အမြောက်အများ တိုးပွားလာပါတယ်။

Yao တင်တဲ့ ပုံအများစုဟာ တင်ပါးကို ဦးစားပေးရိုက်ကူးထားတဲ့ ဓာတ်ပုံဗွီဒီယိုတွေသာ ဖြစ်ပြီး ဒါတွေကို တကူးတက
စောင့်ကြည့်တဲ့ ပရိသတ်တွေလည်း အလွန်များပြားနေတယ်လို့ သိရပါတယ်။ Yao ဟာ Kim Kardashian ကဲ့သို့ပင် ပြင်
သစ်စကားပြောကို သဘောကျသူဖြစ်တယ်လို့လည်း သိရပါတယ်။

READ
သားဖြစ်သူရဲ့ခုတင်အောက်မှာ စပါးအုံးမြွေတွေ့ရလို့လန်ခဲ့ရတဲ့ မိခင်

Yao ကို ကမ္ဘာကျော် မော်ဒယ်မင်းသမီး Kim Kardashian နဲ့ ခိုင်းနှိုင်းကြတဲ့ မီဒီယာတွေလည်း ရှိသလို၊ သူမကိုယ်တိုင်ကလည်း Kim ကို လေးစား အားကျသူဖြစ်ကြောင်း၊ Kim ကဲ့သို့ပင် လူမှုကွန်ယက်ကို အသုံးပြုကာ အလှကုန်ပစ္စည်းတွေ
ထုတ်လုပ်ဖို့အတွက် ကြော်ငြာမော်ဒယ်အဖြစ် သူမရဲ့ ရုပ်ပုံလွှာတွေကို ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE