ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးကို ဗြိတိန်မော်ဒယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခန္ဓာကိုယ်ရော မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ဆွဲဆောင်မှုရှိပြီးတော့ အပြစ်ပြောစရာမလိုအောင် လှပလွန်းလှပါတယ်။ ဒီတော့ သူ့အကြောင်း သိရသမျှအကုန်လုံးကို မျှဝေပေးလိုက်ပါတယ်။
View this post on Instagram
Lottie Moss ဆိုတာ ကမ္ဘာကျော် ပရော်ဖက်ရှင်နယ် စူပါမော်ဒယ် Kate Moss ရဲ့ ညီမလေးဖြစ်ပါတယ်။ Kate Moss မင်္ဂလာဆောင်မှာတုန်းကလည်း သတို့သမီးအရံလေးအဖြစ် ပါဝင်ခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်ကစပြီး Lottie လေးကို မီဒီယာအပါအဝင် အေဂျင်ဆီတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ Lottie ရော Kate Moss တို့ရောရဲ့ မိခင်ဟာလည်း မော်ဒယ်တစ်ဦးဖြစ်တဲ့အတွက် မော်ဒယ်သွေကို ခန္ဓာကိုယ်ထဲ ပါနေခဲ့ဟန်တူပါတယ်။
View this post on Instagram
သူမဟာ အခုအချိန်မှာတော့ အသက် ၂၂ နှစ်ရှိနေပြီဖြစ်ပြီး Lottie ဟာ အခုဆိုရင် မော်ဒယ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပြီပဲဖြစ်ပါတယ်။
View this post on Instagram
Lottie လေးကျင်လည်နေတဲ့ မော်ဒယ်လောကဆိုတာ အပြိုင်အဆိုင်ပေါများတဲ့လောကတစ်ခုပါ။ ဒီအပြင် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့လည်းသိပ်ကို သည်းသည်းလှုပ်ဖြစ်နေကြပါတယ်။ ပိန်ကပ်နေပြီးတော့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်မျိုးကိုမှ မော်ဒယ်လောကမှ လူရာဝင်တတ်ကြတာပါ။ ဒီလို ကိစ္စတွေကို Lottie Moss လေးက ရှုံ့ချပါတယ်တဲ့။ Body positivity ကိုလည်း အလေးထားတဲ့လူတစ်ယောက်ပါ။
သူမမှာ PacSun ဆိုတဲ့ clothing line တစ်ခုကိုလည်း ပူးပေါင်းပြီး ဖန်တီးနေပါသေးတယ်။ Body positivity ရှိနေတဲ့အတွက်လည်း ဖန်တီးသမျှ အဝတ်အထည်တွေကို ပိန်ပိန်၊ ဝဝ၊ အရပ်ရှည်ရှည်၊ ပုပု စတဲ့ ခန္ဓာကိုယ်အချိန်းအစားမှန်သမျှ ဝတ်လို့ရအောင် ထုတ်လုပ်ထားပါတယ်။
Lottie ရဲ့ idol တော့ Marilyn Monroe ပါတဲ့။ သူမသေဆုံးခဲ့တာ နှစ်ပေါင်း ၆- ကျော်တောင်ရှိနေပေမယ့်လို့ ကောင်မလေးတော်တော်များများရဲ့ idol အဖြစ် တည်ရှိနေခဲ့တဲ့ Monroe ကိုလည်း Lottie က အသည်းစွဲပါတဲ့။ နောက် သူမဟာ sloth ဆိုတဲ အကောင်လေးတွေကိုလည်း ချစ်တတ်ပါသေးတယ်။
View this post on Instagram
သူမဟာ လက်ရှိအချိန်မှာတော့ Roman Kemp နဲ့ ဒိတ်လုပ်နေပါတယ်။ Roman Kemp ဆိုတာ ဗြိတိန်က ရုပ်သံလိုင်းတွေနဲ့ရေဒီယိုမှ စတားတစ်ဦးဖြစ်ပြီးတော့ နှစ်ရှည်တွဲလာခဲ့တဲ့ ချစ်သူနဲ့ ပြတ်ပြတ်ချင်းမှာပဲ Lottie နဲ့ တွဲခဲ့ကြတာဖြစ်ပါတယ်။
View this post on Instagram
penny