မွေ့ထိုင်းက ဘဝကို ဘယ်လိုကယ်တင်ခဲ့ကြောင်း ပြောလာတဲ့ မော်ဒယ် Mia Kang

instagram/miakang

Mia Kang ဟာ အရင်တုန်းက ၉၈ ပေါင်သာရှိပြီး နုနယ်အားနည်းတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အင်အားနည်းလွန်းလို့ သူ့နောက်ကို ဒုက္ခပေးဖို့လိုက်လာတဲ့သူစိမ်းရဲ့လက်ထဲမှာပြိုလဲကျခဲ့ပြီး လမ်းသွားလမ်းလာတစ်ယောက်ရဲ့ အကူအညီကြောင့် လွတ်မြောက်ခဲ့တဲ့သူဖြစ်ပါတယ်။

 

View this post on Instagram

 

One of my favourite sweeps.

A post shared by Mia Kang 미아 (@miakang) on

အခုအခါမှာတော့ Kang ဟာ ဒီလိုအဖြစ်မျိုးနဲ့ ထပ်ကြုံတွေ့ရဖို့ မရှိတော့ပါဘူး။ သူမဟာ ထိုင်းရိုးရာအားကစားနည်းတစ်ခုဖြစ်တဲ့ မွေ့ထိုင်းကို ပရိုဖက်ရှင်နယ်ကျကျ လေ့ကျင့်ပြီးတဲ့အခါမှာတော့ သူမကိုယ်သူမ ယုံကြည်ချက်တွေရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် မွေ့ထိုင်းဟာ သူမရဲ့ အစာစားလိုစိတ်လျော့နည်းခြင်းနဲ့ စိတ်ဖိစီးမှုဒဏ်တွေကို လျှော့ချပေးနိုင်တဲ့အကြောင်းလည်း Kang က ပြောပြပါတယ်။

 

View this post on Instagram

 

Looking at that penne arrabbiata like…

A post shared by Mia Kang 미아 (@miakang) on

Kang ဟာ ဒီအားကစားနည်းကို ၂၀၁၆ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာပဲ သူမဟာ ရေကူးဝတ်စုံမော်ဒယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ Kang ဟာ အစားအသောက်ကိုအငတ်ခံပြီး ဝမ်းနှုတ်ဆေးတွေသောက်၊ စီးကရက်တွေသောက်နဲ့ ကိုယ်ဟန်ပြမယ်အဖြစ် လှပဖို့အရေး အများကြီးအငတ်ခံထားခဲ့ရပါတယ်။

ဒါပေမဲ့ သူမဟာ ၁၀ရက်ကြာထိုင်းကိုလာလည်ပြီးတဲ့နောက်မှာတော့ မွေ့ထိုင်းပွဲတွေကိုဝင်ကြည့်ရာကနေ စိတ်ဝင်စားသွားခဲ့ပါတယ်။ သူမဟာ Koh Samui မှာ ၆လကြာနေပြီးမွေ့ထိုင်းပညာကိုသင်ယူလေ့လာခဲ့တာပါ။ အရင်က စားချိန်မမှန် သောက်ချိန်မမှန်နဲ့ ဝလာလိုက်၊ ပိန်လာလိုက် ဖြစ်နေခဲ့ရာမှ အခုဆို မွေ့ထိုင်းကစားပြီးနောက် သမမျှတစွာစားသုံးလာရာမှာ ကိုယ်အလေးချိန်လည်းတက်လာပြီး လူလည်းကြံ့ခိုင်လာခဲ့ပါတယ်။

 

View this post on Instagram

 

📸: @hip.jpeg

A post shared by Mia Kang 미아 (@miakang) on

မွေ့ထိုင်းနဲ့ပတ်သက်လို့ Kang က “ကျွန်မ မော်ဒယ်လုပ်တုန်းက ကျွန်မကိုအဖိုးတန်လို နူးနူးညံ့ညံ့ဆက်ဆံကြတယ်။ ထိုင်ခုံမှာထိုင်ပြီး ဘယ်သူမှကျွန်မကိုမထိကြဘူး။ မွေ့ထိုင်းနဲ့ဆိုရင်တော့ ဒါတွေနဲ့ဆန့်ကျင်ဘက်ပဲ။ တစ်ချိန်လုံး အရိုက်ပုတ်အထုထောင်းခံရမယ်။ လဲကျရင် ကိုယ့်ဘာသာကိုယ်ပြန်ထရမယ်။” လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Kang ဟာ ဖူးခက်မှာရောက်နေပြီး ဂျူဂျစ်ဆုကိုလေ့ကျင့်နေပါတယ်။ သူမရဲ့ မွေ့ထိုင်းနဲ့မော်ဒယ်အလုပ်ကတော့ ကိုဗစ်ကြောင့် ခေတ္တရပ်နားထားကြောင်းလည်း nypost အရသိရပါတယ်။

READ
ဘဝမှာ ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုရှိအောင်ကြိုးစားပါ။

ShweMom

SHARE