လိင်တန်းတူအခွင့်အရေးအတွက် မြို့ထဲမှာရင်သားဖော်ပြီးလမ်းလျှောက်ခဲ့တဲ့မော်ဒယ်

အပြာမော်ဒယ်လောကမှာ နေရာရနေတဲ့ Emily Bloom အမည်ရတဲ့ မော်ဒယ်မလေးက ကျားမလိင်ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေး ရရှိဖို့အတွက်  Free the Nipple လှုပ်ရှားမှု တစ်ခုကို နယူးယောက်ခ်မြို့မှာ လုပ်ဆောင်ခဲ့ပါတယ်။ Emily ဟာ ရင်ဘတ်တစ်ခုလုံးကို သဘာဝအတိုင်း ထားပြီး သရုပ်ပြ လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

Emily ကို လမ်းသွားလမ်းလာတွေက ပြုံးစိစိနဲ့ ကြည့်နေသူတွေ ရှိသလို၊ ဖုန်းတွေကို ထုတ်ကာ မှတ်တမ်းတင် ရိုက်ကူးသူတွေလည်း ရှိခဲ့ပါတယ်။ Emily ဟာ အသက် (23)နှစ်အရွယ်သာ ရှိသေးပြီး သူမရဲ့ လှုပ်ရှားမှုတွေကို နာမည်ကျော် ဓာတ်
ပုံဆရာ Petter Hegre က မှတ်တမ်းတင်ပေးခဲ့ပါတယ်။

Emily ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုကို လက်ခုပ်သြဘာတီးပြီး ချီးကျူးဂုဏ်ပြုသူတွေလည်း ရှိခဲ့ပြီး၊ နှစ်လိုကျေနပ်နေသူတွေ လည်း များပြားခဲ့ပါတယ်။ Emily ကတော့ တွေ့တဲ့လူတိုင်းကို အပြုံးလှလှလေးနဲ့ နှုတ်ဆက်ခဲ့သလို၊ တကူးတက ရပ်ပြီး
ကြည့်တဲ့သူတွေလည်း များပြားခဲ့ပါတယ်။

READ
အိမ်နီးနားချင်းတွေကို မကျေနပ်လို့ အများသုံးရေကန်မှာ အမှိုက်တွေ သွန်လေ့ရှိတဲ့ အဖိုးအို

ဒါပေမယ့် ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အွန်လိုင်းပေါ်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီဗွီဒီယိုကို
ဝင်ရောက်ကြည့်ရှု့သူ သိန်းချီရှိခဲ့ပြီး ပြန်လည်မျှဝေသူတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။ Free the Nipple campaign ဟာ အမေရိကန်မှာ 2014 ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပြီး၊ ကျားမတန်းတူအခွင့်အရေး ရရှိရေး အတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာလည်း အလားတူလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ ဒီလှုပ်ရှားမှုဟာ အမျိုးသမီးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အခြားသူတွေက လေးစားလိုက်နာဖို့၊ အပြည့်အ၀ပေးဖို့ တောင်းဆိုထားတဲ့ လှုပ်ရှားမှု
ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE