မော်ဒယ်တွေ သမုဒ္ဒရာအောက် (၂၅) မီတာလောက်ထိ ငုပ်ခဲ့ရတဲ့ ထူးခြားတဲ့ ဖိုတိုရှု

Monteral (ကနေဒါ) မြို့ အခြေစိုက် ဓာတ်ပုံဆရာ Benjamin Van Wong ဟာ သူရဲ့ ရှုပ်ထွေးနက်နဲတဲ့ အနုပညာရိုက်ချက်တွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကြောင့် ထင်ရှားပါတယ်။ ဇာတ်လမ်းဆန်ဆန်တင်ဆက်တဲ့ ပညာကို အသုံးချထားတာကို သူ့ဓာတ်ပုံတွေမှာ တွေ့ရပြီး မော်ဒယ်တွေက တခြားကမ္ဘာက သက်ရှိတွေအလား ထင်မှတ်ရလောက်အောင် ကြည့်ရှုတဲ့သူတွေကို ဖြစ်စေတယ်။

Broncolor GEN

အခုဆို သူရဲ့ နောက်ထပ် စွန့်စားမှုတစ်ခုလို့ ပြောရမယ့် သိပ်လက်ဝင် ခက်ခဲပြီး ထူးခြားဆန်းသစ်တဲ့ ရေအောက် ဓာတ်ပုံရိုက်ကူးမှု အစီအစဉ်ဟာလည်း အောင်မြင်ခဲ့ပါပြီး။ ရလဒ်တွေကလည်း တကယ်ကို အားရကျေနပ်စရာကောင်းလှပါတယ်။

list ABC

သူရဲ့ အွန်လိုင်း စာမျက်နှာထက်မှာတော့ သူဟာ ဒီလိုမျိုး ရေအောက်ကမ္ဘာမှာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးခဲ့ အလွန်ကြာနေပြီ ဖြစ်ကြောင်းနဲ့ တကယ်ကို ထူးခြားတဲ့ အဆင့်တစ်ခုထိရောက်အောင် ဖန်တီးလိုကြောင်း ပြောပြထားတာရှိပါတယ်။ ရေကန်ထဲမှာ ရိုက်မယ့် အစား သူဟာ သဘောင်္ပျက်ကြီးထဲမှာ ရိုက်ဖို့ စီစဉ်ခဲ့တယ်။

list ABC

ဒါတောင် သူဟာ လေ့ကျင့်ထားတဲ့ ရေငုပ်သူမဟုတ်၊ ရေငုပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘာလက်မှတ်မှလည်းမရှိတဲ့သူပါ။ သူက ရေကောင်းကောင်းကူးတတ်တဲ့သူ၊ ပြီးတော့ ရေအောက်ထဲမှာ ဓာတ်ပုံရိုက်ကူးတဲ့ အတွေ့အကြုံ ရင်ကျက်ပြီး ဒီအလုပ်ကိုလုပ်ဖို့ စိတ်ထက်သန် သူမျှသာဖြစ်တယ်။

READ
သင် ဘယ်တော့မှ စဉ်းစားမိမှာမဟုတ်တဲ့ ဓာတ်ပုံသမားတွေရဲ့ အိုင်ဒီယာများ

ဒီအတွက် အတွေ့အကြုံရှိတဲ့ ရေငုပ်သမားတွေရယ်၊ ရေအောက် ဓာတ်ပုံပညာရှင်တွေရယ်၊ အလွတ် ငုပ်တဲ့သူတွေနဲ့ အဖွဲ့ဖွဲ့ပြီး ဘာလီကျွန်းကို အလည်အပတ်ထွက်ခဲ့ကြတယ်။ သူတို့အဖွဲ့က ဖိုတိုရှုကို သမုဒ္ဒရာရဲ့ (၂၅) မီတာအောက်မှာ နစ်မြုပ်နေတဲ့ သဘောင်္ အပျက်ကြီးမှာ လုပ်ခဲ့ကြတယ်။

အလွန်လှပတဲ့ သမုဒ္ဒရာ နောက်ခံရှုခင်းတွေဟာ တစ်မျိုးတစ်ဘာသာ ဖြစ်သော်လည်း နှစ်သက်ဖွယ်ကောင်းတယ်။ ခြောက်လှန့်ဖွယ်ကောင်းနေတာတောင် လှပကျော့ရှင်းနေတဲ့ မော်ဒယ်တွေဟာ ပန်းပွင့်လွှာတွေလို အဖြူရောင် ၀တ်စုံတွေနဲ့ မျောလွင့်နေပုံတွေက သိပ် ရင်သပ်ရှုမောစရာပါပဲ။

list ABC

အပျက်အဆွေးတွေကြားမှာ လွင့်မျောနေတဲ့ ပိုစ့်တွေက မသိရင် ပင်လယ်သမုဒ္ဒရာ နတ်မိမယ်တွေလို မျိုးဖြစ်နေပါတယ်။ ကြည့်ကြည့်လိုက်ချင်းမှာ ဓာတ်ပုံတွေဟာ ဖိုတိုရှော့တ် နဲ့ပြင်ထားတယ်လို့ ထင်ကောင်းထင်နေနိုင်တယ်။ ဒီပုံတွေဟာ လုပ်ရိုးလုပ်စဉ် လုပ်တာကလွဲရင် ဖိုတိုရှော့တ်ကို လုံးဝမသုံးထားဘူးလို့ သိရတယ်။

list ABC

ပါဝင် ရိုက်ကူးကြတဲ့ မော်ဒယ်တွေဟာ အတွေ့အကြုံ ရှိတဲ့ အလွတ် ရေငုပ်သူတွေဖြစ်တယ်၊ လေ့ကျင့်မှုပြည့်ဝပြီး အောက်စီဂျင်ဗူး မလိုတဲ့သူတွေလည်းဖြစ်တယ်။ သာမန် မော်ဒယ်တစ်ယောက်လို မဟုတ်ပေမယ့် ရေအောက်မှာ (၃) မိနစ် ကနေ (၄) မိနစ်လောက်ထိ အသက်အောင့်နိုင်ထားပြီး ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်း သဘောပေါက်ကြပါတယ်။

READ
ဝိတ်ကျချင်သူတွေ အစားမလွန်ဖို့ ဓာတ်လိုက်စေပြီး သတိပေးမယ့် ကျင်စက်
list ABC

သူတို့တွေဟာ ဒီဇိုင်နာ Ali Charisma ရဲ့ ၀တ်စုံတွေကို လှပစွာ ၀တ်ဆင်ပြီး သဘောင်္ပျက်ကြီးနဲ့ တစ်မျိုး၊ ရေအောက်ရှုခင်းတွေနဲ့ ပိုစ့်တွေကို လိုက်ဖက်ညီစွာ ပေးခဲ့ကြတယ်။

list ABC

ဓာတ်ပုံဆရာအနေနဲ့လည်း သူ့ကို လုံလောက်တဲ့ အကူအညီပေးနိုင်မယ့် အဖွဲ့ဖွဲဖို့ လူကို တော်တော်လေး ကြိုးစားရှာယူခဲ့ရတယ်။ အစုအဖွဲ့အားကလည်း သိပ်အရေးပါတော့ သူအနေနဲ့ အဆက်အသွယ်တွေအများကြီးလုပ်ခဲ့ရတယ်။

list ABC

ရေအောက်ထဲမှာ ရိုက်ကူးရတာဖြစ်တဲ့အတွက် တချို့သော စတူယိုသုံးပစ္စည်းတွေကို သုံးလို့မရဘူး။ အထူးသဖြင့် မီးပေါ့။ အဲ့ဒီ့အတွက် သဘာဝအလင်းနဲ့ ကင်မရာ မီးကိုသာ အားကိုခဲ့ရကြောင်းလည်း သိရတယ်။ အမိုက်စားပိုစ့်တွေရဖို့လည်း မော်ဒယ်တွေကို သဘောင်္ပျက်ကြီးမှာ ချည်းနှောင်ထားခဲ့ရတယ်။ အန္တရာယ်များပြီး ခက်ခဲတဲ့ကြားမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရိုက်ကူးခဲ့တယ်။ ဒီလို ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုတစ်ချို့တောင် ရှိခဲ့သေးတယ်လို့ သိရပါတယ်။

list ABC

Source: list ABC

Matthew (ShweMOM)
SHARE