ရုပ်လုံးကြွလုံးလွန်းတာကြောင့် စိတ်ဂရောက်ဂယက်ဖြစ်သွားစေမည့် ပန်းပုရုပ်ထုများ

ဗိသုကာလက်ရာတွေဟာ ကမ္ဘာဦးအစကတည်းက ထွန်းကာခဲ့တာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ ခေတ်တစ်ခေတ်ရဲ့အကြေးမုံပြင်၊ လူမျိုးတွေရဲ့ယဉ်ကျေးမှုဓလေ့တွေကို ဖော်ပြပေးတဲ့အရာတွေပဲဖြစ်ပါတယ်။ အနုပညာပန်းဆယ်မျိုးထဲတစ်မျိုးအပါအဝင်ဖြစ်တဲ့ ပန်းပုပညာရပ်ကို ခေတ်သစ်အမြင်တွေ၊ ခေတ်သစ်နည်းလမ်းတွေနဲ့ ဘယ်လိုတွေပိုမိုသစ်လွင်ဆန်းသစ်စွာ ကမ္ဘာအနှံ့မှာ ရှိနေကြသလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။

Venice Biennale ပန်းပုရုပ်ထုကိုတော့ Lorenzp Quinn က ဖန်တီးထားပြး Venice မှာတည်ရှိပါတယ်။ Venice ဟာ မြေအနေအထားအရ အနာဂတ်မှာ ရေအောက်ထဲမြုပ်နိုင်ဖွယ်ရာရှိတာကြောင့် Venice မြို့လေးကို ရေအောက်ထဲမနစ်မြုပ်အောင် Grand Canal ထဲမှ လက်တစ်စုံဟာ မ ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။

Instagram

ဒီရုပ်ထုတွေကိုတော့ Heart of Trees လို့အမည်ရပြိး နိုင်ငံတော်တော်များများရဲ့မြို့တွေမှာ သဘာဝပတ်ဝန်းကျင်ပညာပေးအနေနဲ့မြင်တွေ့ရမှာပါ။ Jaume Plensa မှ ဖန်တီးထားခဲ့ကာ သစ်ပင်မခုတ်ဖို့ message ပေးတယ်လို့ သိရပါတယ်။

Instagram

The Kelpies လို့ခေါ်တဲ့ မြင်းရုပ်ထုတွေကိုတော့ စကော့တလန်၊ Falkirk မှာ တွေ့ရမှာပါ။ ကမ္ဘာပေါ်ရှိ မြင်းရုပ်ထုမျာားထဲ အကြီးဆုံးဖြစ်ပါတယ်။ ညမှောင်ထဲ ရုပ်ထုထဲမှ မီးထွန်းလိုက်တဲ့အခါ ပန်းပုရုပ်ထုရဲ့စစ်မှန်တဲ့အလှတရားကို မြင်နိုင်မှာဖြစ်ပါတယ်။

READ
iPhone Photography Award (2019)ရဲ့ ရင်သပ်ရှုမောဖွယ် ပြိုင်ပွဲဝင် ဓာတ်ပုံများ
Instagram

ကိုရီးယားပန်းပုပညာရှင် Do Ho Suh ရဲ့ Karma ဆိုတဲ့ ပန်းပုရုပ်ထုလေးကတော့ New Orleans မှာတည်ရှိပါတယ်။

Instagram

ပါရမီထူးတဲ့ပန်းပုပညာရှင်တွေထဲ Robin Wight လည်း အပါအဝင်ပါပဲ။ ဒီပန်းပုကိုတော့ အနုစိတ်ဖန်တီးရတဲ့အတွက် စတီးဝိုင်ယာတွေနဲ့ ပြုလုပ်ထားတာပါ။

Instagram

Diminish and Ascend ဆိုတဲ့ပန်းပုရုပ်ကတော့ သြစတေးလျ Bondi မှာ တည်ရှိပြီး David MaCracken ရဲ့ လက်ရာပဲဖြစ်ပါတယ်။ ရှုထောင့်တစ်ခုကကြည့်မှသာ လှေကားထစ်လေးတွေကို ပီပီသသမြင်နိုင်မှာပါ။

Instagram

Source: Brightside

Penny

 

 

SHARE