အမိုးကို ရေကူးကန်အဖြစ် အသုံးပြုနိုင်အောင်ဖန်တီးထားတဲ့ နွေရာသီစံအိမ် ဒီဇိုင်း

လူတော်တော်များအနေနဲ့ နွေရာသီ စံအိမ်လေးနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်တာလေးတွေရှိကြမှာပါ။ ကမ်းခြေနားမှာ၊ နေရောင်ခြည်အပြည့်ဝရပြီး ဇိမ်ကျကျနဲ့ သဘာဝလောကကြီး ဆက်နွှယ်ပြီး နေလိုကြတယ်။ ဒီလို စိတ်ကူးတွေနဲ့ ပတ်သက်ပြီး Anti Reality ဆိုတဲ့ ပေ့ခ်ျက ဖန်တီးမှုအနုပညာနဲ့ ဗိသုကာလက်ရာ နှစ်ခုကို ဆက်စပ်ပြီး ထူးခြားပြည့်စုံတဲ့ နေရာတစ်ခုကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဒီဇိုင်ဖန်တီးခဲ့ပါတယ်။

boredpanda
boredpanda

အိမ်ဒီဇိုင်ပုံကို “Summer House” လို့နာမည်ပေးထားပါတယ်။  မျက်နှာပြင် အခွက်ကို ပြောင်းပြန်လှန်ထားပြီး ဇလုံပုံစံ ဖန်တီးထားတယ်။ ဒါက ရေကူးကန်အတွက် အကောင်းဆုံးပုံစံဖြစ်ပြီး ရေစိမ်အနားယူရင်း ပင်လယ်ကြီးနဲ့ နေ၀င်အချိန်ကို တစ်ခုခုသောက်ရင်း ခံစားနိုင်မှာဖြစ်ပါတယ်။

boredpanda

ရေကူးကန်ကို တက်ဖို့ အိမ်အပြင်မှာ ကပ်ထောင်ထားတဲ့ လှေကားရှိတယ်။ လှေကားက ခေါင်းမိုပေါ်က ရေကန်နဲ့ အိမ်အောက် ကျောက်ဆောင်ကြား အထိ ဆင်နိုင်အောင် ထည့်သွင်း တည်ဆောက်ထားတယ်။

READ
အီတာလျံလေကြောင်းလိုင်းက မတ်တပ်ရပ်စီးနင်းလို့ရမယ့် မြင်းကုန်းနှီးပုံစံထိုင်ခုံသစ်များ
boredpanda
boredpanda

Anti Realtiy ရဲ့ စိတ်ကူးက အမိုးဇောက်ထိုးပုံစံ ဖန်တီးချင်ပြီး အဲ့ဒါက ရေကူးကန်အဖြစ်လည်း အသုံးပြုနိုင်မျိုးကို ဒီဇိုင်ထွင်ချင်တာဖြစ်ပါတယ်။ အမိုးပုံစံ တည်ဆောက်မှုမှာ အဓိက ဗဟိုချက် သုံးချနဲ့ ထောက်ပင့်ထားပြီး နှစ်ခုက မီးဖိုချောင်နဲ့ ရေချိုးခန်းဖြစ်ကြောင်း၊ အဲ့ဒီ့မှာ ရေနုတ်ပိုက် အရှင်တွေကိုလည်း အစီအစဉ်တကျ တပ်ဆင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

boredpanda

(၈၅) စတုရန်မီတာ ကျယ်ဝန်းတဲ့ အိမ်ကို ကျောက်ဆောင်၊ ကျောက်သားတွေအပေါ် ပင်လယ်အစပ်အနားမှာ တည်ဆောက်မှဖြစ်ပြီး ရေနဲ့ တိုက်ရိုက် ထိစပ်နေမှာဖြစ်တယ်။ နေထိုင်စရာ နေရာနဲ့ ရေကူးကန်ပါဝင်တယ်။ တြိဂံပုံစံအဆောက်အဦးဖြစ်ပြီး  ဧည့်ခန်းအလယ်မှာ ထိုင်ရင်း ပင်လယ်ကမ်းခြေရဲ့ မြင်ကွင်းအလှအပတွေကို ခံစားနိုင်မှာဖြစ်တယ်။

boredpanda

အမိုးကို ဗဟိုချက် (၃) ခုနဲ့ ပင့်ထောက်ထားပြီး ၄င်းတို့ဟာ ရေချိုခန်း၊ မီးဖိုချောင်နဲ့ အိပ်ခန်းတို့ အဖြစ်တည်ရှိမှာလည်း ဖြစ်တယ်။ ဗဟိုချက်တွေဟာ အတွင်းပိုင် အပွင့်ပုံစံတွေဖြစ်ပြီး နေရာလွတ်တွေပါဝင်မှာဖြစ်တယ်။ အဲ့ဒီ့နေရာအလွတ်တွေကို ဧည့်ခန်း၊ စားသောက်ခန်းအဖြစ် အသုံးချနိုင်ကြောင်းလည်းသိရတယ်။ ပြီးတော့ အိမ်ပိုင်ရှင်အနေနဲ့ စိတ်ကြိုက် နေရာချပြင်ဆင်နိုင်မှာလည်းဖြစ်တယ်။

READ
မ၀ယ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်းနေတဲ့ ပစ္စည်းဆန်းလေးများ
boredpanda

ပတ်ဝန်ကျင်းကို လုံးဝ ရှင်းလင်းမြင်သာအောင် ဖွင့်လှစ်ထားတဲ့ ဒီဇိုင်းပုံစံဖြစ်ပြီး လောကသဘာဝကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားက လေ့လာနိုင်အောင်၊ ထိတွေ့နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ရာသီနဲ့အလိုက် အပန်းဖြေဖို့နဲ့ အားလပ်ရက် အလည်အပတ်ထွက်နိုင်အောင်လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

boredpanda

Ref: Bored Panda

Matthew (ShweMOM)
SHARE