ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်ပြီဖြစ်တဲ့ အမေရိကန်

pexels/Edward Jenner

ကိုဗစ်ကာကွယ်ဆေး Moderna ကို အမေရိကန်နိုင်ငံရဲ့ဒုတိယမြောက်ကိုဗစ်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ FDA က လက်ရှိမှာ ဖြန့်ဖြူးနေပြီဖြစ်တဲ့ Pfizer/ BioNTech ကာကွယ်ဆေးကို အသိအမှတ်ပြုပြီး တစ်ပတ်အကြာမှာပဲ အမေရိကန်ထုတ် Moderna ကိုပါ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကတော့ Modern ထိုးဆေး သန်း၂၀၀ကိုဝယ်ယူဖို့ သဘောတူညီခဲ့ပြီး ထိုးဆေး ၆သန်းဟာ သင်္ဘောနဲ့သယ်ယူပို့ဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။ အမေရိကန်ဟာ ကမ္ဘာမှာ ကိုဗစ်ကြောင့် သေဆုံးသူအများဆုံးနဲ့ ပိုးတွေ့လူနာအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်မှာ သေဆုံးသူဦးရေ ၃၁၃,၅၀၀ ရှိခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူပေါင်း ၁၇.၅ သန်းရှိနေပြီလို့ Johns Hopkins တက္ကသိုလ်ကဆိုပါတယ်။

FDA ကော်မစ်ရှင်နာတစ်ဦးဖြစ်သူ Stephen Hahn ကတော့ Modern ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုတဲ့ကိစ္စနဲ့ပတ်သက်လို့ သောကြာနေ့မှာကြေညာခဲ့ပါတယ်။ အဆိုပါ အတည်ပြုချက်ဟာ အကြံပေးအဖွဲ့က Moderna ကာကွယ်ဆေးကို အတည်ပြုဖို့ မဲဆန္ဒကောက်ယူအပြီး ထွက်ပေါ်လာတာပါ။ ကာကွယ်ဆေးကြောင့် အသက်၁၈နဲ့အထက်လူတွေခံစားရမယ့် ရလဒ်တွေထက်စာရင် ဆေးရဲ့အကျိုးကျေးဇူးက ပိုသာလွန်နေတဲ့အတွက် ၂၀-၀နဲ့ မဲရလဒ်ရရှိခဲ့တာပါ။ Moderna ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရမှုရှိပြီး ၉၄ ရာခိုင်နှုန်းထိရောက်တယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

A post shared by CNN (@cnn)

အမေရိကန်သမ္မတ Donald Trump ကတော့ ၄င်းကာကွယ်ဆေးနဲ့ပတ်သက်ပြီး တရားဝင်မကြေညာခင် နာရီပိုင်းအလိုမှာ Moderna ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းနဲ့ ဖြန့်ချိရေးတွေချက်ချင်းစတင်နေပြီဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ အရွေးချယ်ခံသမ္မတဖြစ်တဲ့ Joe Biden ကတော့ တနင်္လာနေ့မှာ ကာကွယ်ဆေးထိုးမှာဖြစ်တယ်လို့လည်း BBC သတင်းစာမျက်နှာအရ သိရပါတယ်။

READ
အိမ်မှာခေါ်ယူမွေးစားခံရပြီးကာမှ သတ်စားခံလိုက်ရတဲ့ ဝက်ကလေး 'မော်လီ'

Lin Lin

SHARE