ဆွဲဆောင်အားပြည့်ဝတဲ့ အမိုက်စား ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ မိုးဟေကို

ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးမှုတွေ သိပ်မတွေ့ရပေမဲ့ ဖေစ်ဘုတ်ပေါ်မှာတော့ သူမရဲ့ ချစ်ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မိုးဟေကိုကတော့ သူမရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အလှကြောင့် ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဒီကနေ့မှာလည်း အမိုက်စား ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ မိုးဟေကိုရဲ့ ဓါတ်ပုံတွေကိုတော့ နာမည်ကျော် ဓါတ်ပုံဆရာ Haw က ရိုက်ကူးပေးထားပြီး သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ “လှသော မိုး နဲ့ ရိုက်ထားပါတယ်” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။

မိုးဟေကိုကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

source: Moe Hay Ko

SHARE