တစ်နေ့တစ်ခြား ပိုပြီးတော့ နုပျိုလှပလာတဲ့ ပရိသတ် အချစ်တော် မင်းသမီး မိုးဟေကို

လတ်တလောမှာ ပွဲတွေ ဆက်တိုက်တက်နေတဲ့ မိုးဟေကိုကတော့ လှပကျော့ရှင်းအောင် ဝတ်ဆင်တတ်တဲ့ သူမရဲ့ အဝတ်အစား ရွေးချယ်မှုကြောင့် ပရိသတ်တွေရဲ့  ချီးကျူးပြောဆိုမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ သိပ်မတွေ့ရပေမဲ့ ဖေစ်ဘုတ်ပေါ်မှာ သူမရဲ့ ပွဲတက်ပုံရိပ်တွေကို ပရိသတ်တွေအတွက် နေ့တိုင်းနီးပါး တင်ပေးနေတာဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဒီကနေ့မှာလည်း သူမရဲ့ ဓါတ်ပုံတွေကို တင်ပေးထားပါသေးတယ်။ မိုးဟေကိုကတော့ Eliza Skin Republic ဆိုင်ခွဲသစ် Grand Openingကို တက်ရောက်ပေးခဲ့တာဖြစ်တာဖြစ်ပါတယ်။ မိုးဟေကိုကတော့ ရွှေရောင်ပွဲတက်ဝတ်စုံလေးကို ဝတ်ဆင်ထားတာဖြစ်ပြီး သူမရဲ့ ကျစ်လစ်လှပတဲ့ ဘော်ဒီလေးနဲ့လည်း အရမ်းကို လိုက်ဖက်မှုရှိနေပါတယ်။

မိုးဟေကို ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မိုးဟေကိုရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

READ
ရင်သွေးလေးရှိနေတဲ့အကြောင်း အသိပေးလိုက်တဲ့ Meghan Markle နဲ့ Harry

Source: Moe hay Ko

SHARE