ပရိသတ်တိုင်း ကြွေသွားစေလောက်မယ့် ကြော့ရှင်းတဲ့ အလှနဲ့ ဖမ်းစားလိုက်တဲ့ မိုးဟေကို

အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်လာတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ သူမရဲ့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း “ပပဝတီစီရင်ခန်း” ဇာတ်ကားကို ဖွေးဖွေး၊အလင်းရောင်၊ထွန်းထွန်းတို့နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်နေတာဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဒီကနေ့မှာ သူမကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံအသစ်တွေကို ဖေစ်ဘုတ်ပေဂ်ျ့မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဖက်ရှင်စတိုင်ကို ဝတ်ဆင်ထားတဲ့ မိုးဟေကိုကတော့ သူမရဲ့ လှပကြော့ရှင်းတဲ့ ဆွဲဆောင်မှုနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားလိုက်ပါပြီ။

မိုးဟေကို ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မိုးရဲ့ ဓါတ်ပုံတွေကို သဘောကျကြရဲ့လား ပရိသတ်ကြီးရေ။

Source: Moe Hay Ko

SHARE