ခပ်မိုက်မိုက်ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အကြည့်တွေကို ဖမ်းစားလိုက်ပြန်တဲ့ မိုးမြင့်သဇင်

ဘိုဆန်ဆန် မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေး မိုးမြင့်သဇင်ကတော့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမကတော့ သူမရဲ့ ခပ်မိုက်မိုက် အလှဓါတ်ပုံတွေကို ဖေ့စ်ဘုတ်ပေါ်မှာ အမြဲမျှဝေပေးတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မိုးမြင့်သဇင်က ဒီကနေ့မှာလည်း အမိုက်စားဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါသေးတယ်။ ခပ်ဟော့ဟော့ပုံစံနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ မိုးမြင့်သဇင်ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေက တော်တော်လေး သဘောကျနေကြပြီး လူမှုကွန်ရက်မှာလည်း မိုးမြင့်သဇင်ရဲ့ အမိုက်စားဓါတ်ပုံတွေ ပျံ့နှံ့လို့နေပါတယ်။ မိုးမြင့်သဇင်က ဓါတ်ပုံလေးတွေကို ကြွေသွားလားလို့မေးပြီး ဖေ့စ်ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။

မော်ဒယ်မိုးမြင့်သဇင်ကတော့ မော်ဒယ် နွယ်နွယ်ထွန်းနဲ့ ညီအစ်မတွေဖြစ်ပြီး သူတို့နှစ်ဦးက အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း နွယ်နွယ်ထွန်းနဲ့ မိုးမြင့်သဇင်တို့ ညီအစ်မနှစ်ယောက်ကို အားပေးလိုက်ကြပါဦးနော်။

READ
ကိတ်ပြီးနောက်ပိုင်းမှပိုလှသွားတဲ့ Jessica BabyFat ရဲ့ ဓာတ်ပုံများ

Source: Moe Myint Thazin

SHARE