ဒစ်စနေးကာတွန်းကားထဲက မင်းသမီးလေးတစ်ပါးလို လှလွန်းနေတဲ့ မိုးစက်ဝိုင်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းအလှမယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ မိုးစက်ဝိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ကျက်သရေရှိတဲ့အလှကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ ရရှိနေတာဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံအသစ်တွေနဲ့ ပရိသတ်တွေကို အချစ်တွေ တိုးလာအောင် လုပ်လိုက်ပြန်ပါပြီ။

မိုးစက်ဝိုင်ကတော့ မတ်မေတ္တာမွန် ဓာတ်ဆီဆိုင်ကနေ ပြုလုပ်တဲ့ lucky draw အစီအစဉ်လေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အနီရောင်ပွဲတက်ဝတ်စုံလေးနဲ့ တောက်တောက်ပပလှပနေတဲ့ မိုးစက်ဝိုင်ကတော့ ဒစ်စနေးကာတွန်းကားထဲက မင်းသမီးလေးလားလို့တောင် အထင်မှားစရာပါပဲ။

မိုးစက်ဝိုင်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် မိုးစက်ဝိုင်ရဲ့ ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Moe set Wine

SHARE