မောင်အချောလေးကြောင့် ယောင်းမတော်ချင်သူတွေဝိုင်းနေတဲ့ မိုးယုစံ

သရုပ်ဆောင်မင်းသမီးချောလေး၊နှင်းဆီအငြိမ့်အဖွဲ့ရဲ့ မင်းသမီးလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ကားရိုက်တွေ ကို လုံးဝကို ရပ်နားထားခဲ့သူပါ။အနုပညာအလုပ်တွေ ဆက်မလုပ်တော့ ပေမယ့် ဆိုရှယ်မီဒီယာကြောင့် ပရိသတ်တွေနဲ့ကတော့ အဆက်အသွယ်မပြတ်သလို အခုထိ ပရိသတ်ချစ်ခင်အားပေးမှုကို ရနေ သူပါ။မင်းသမီး ချောလေး မိုးယုစံကတော့ အခုဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ ချစ်ခင်အားပေးခြင်းကို အရင်ထက် ပိုပြီးတော့တောင် ရနေပါပြီ။အကြောင်းအရင်းကတော့ သူမရဲ့ မောင်အချောလေးကြောင့်ပါ။

Moe Yu San’s fb
Moe Yu San’s fb
Moe Yu San’s fb

မိုးယုရဲ့ မောင်လေးနာမည်ကတော့ ဆန်းလင်းထွန်း ပါ။ဆန်းလင်းထွန်းကတော့ Channel ME ရဲ့Reality TV Showဖြစ်တဲ့”Lose2Win with Andy ” အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီးနောက် လူသိများ ခဲ့သူပါ။ ပရိသတ်တစ်ချို့ကတော့ ဆန်းလင်းထွန်းက မိုးယုရဲ့ မောင်လေးဆိုတာကို နောက်ပိုင်းကျမှ သိခဲ့တာပါ။အခုဆိုရင် တော့ မိုးယုနဲ့ သူမရဲ့ မောင်လေးတို့ကို အမြဲလိုလို အတူတွေ့နေရပါတယ်။

READ
ဝိတ်ချနည်းကို ဝေမျှပေးခဲ့တဲ့ အိချောပို
Moe Yu San’s fb
Moe Yu San’s fb
Moe Yu San’s fb

MY DREAM One Stop Wedding Service ရဲ့ တရုတ်နှစ်ကူးညစာစားပွဲကိုတော့ မောင်ဖြစ်သူနဲ့ အတူ တက်ရောက် ခဲ့ပါတယ်။မောင်ဖြစ်သူက အခုဆိုရင် ဓါတ်ပုံတွဲရိုက်ချင်သူတွေရှိလာပြီမို့ ဘေးကနေ အစ်မ တစ်ယောက် အနေနဲ့ ပီတိဖြာနေတာကို လည်းတွေ့ရပါတယ်။

Moe Yu San’s fb
Moe Yu San’s fb
Moe Yu San’s fb

“ချစ်ကြီး၂ယောက်နဲ့ ချစ်ဆုံးလေးကိုတော့အိမ်မှာထားခဲ့တယ် (ကိုယ့်မောင်လေးတောင် ဓာတ်ပုံတွဲရိုက်တဲ့သူေ တွရှိလာပီ)😁…..” ဆိုပြီး မိုးယုက သူမရဲ့ အကောင့်မှာ မောင်လေးနဲ့ပုံလေးတွေ၊ခင်ပွန်းဖြစ်သူနဲ့ ပုံလေးတွေကို ဝေမျှပေး ထားပါတယ်။

Moe Yu San’s fb
Moe Yu San’s fb
Moe Yu San’s fb

 

(၅)လအတွင်း ပေါင်(၃၀၀)ကနေ (၁၅၉)ပေါင်အထိ ၀ိတ်ချနိုင်ခဲ့တဲ့ ဆန်းလင်းထွန်း

Source မိုးယုစံ

SHARE