ကျောင်းအတူတူတက်နေကြတဲ့ မိုးယုစံရဲ့သားလေးနဲ့ သင်ဇာနွယ်ဝင်းရဲ့သားလေး

ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေရရှိနေဆဲ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ မိုးယုစံနဲ့ သင်ဇာနွယ်ဝင်းတို့ရဲ့ ရင်သွေးလေးတွေကတော့ ကျောင်းတစ်ကျောင်းထဲမှာ အတူတူ တက်ရောက်နေကြပါတယ်။ သူတို့နှစ်ဦးရဲ့ သားလေးတွေက မြန်မာပလာဇာမှာရှိတဲ့ PEOPLE IMPACT မှာတက်ရောက်နေကြတာဖြစ်ပါတယ်။

မိုးယုစံကတော့ “PEOPLE IMPACT ကျောင်းလေးမှာ စထားနေပါပီ ၆လကနေစထားလို့ရနေတာ သားသားကိုတော့ ခု၈လမှထားဖြစ်တော့တယ် ကလေးတစ်ယောက်မှာ အရွယ်လိုက်ဖွံ့ဖြိုးတိုးတတ်မှုလေးတွေရှိအောင် မိဘတွေပံ့ပိုးပေးရမဲ့အပြင် ဒီလိုကျောင်းလေးတွေမှာထားပီးတော့လည်းလေ့ကျင့်ပေးလို့ရနေပီနော် “လို့ရေးပြီး ပျော်ပျော်ပါးပါးနဲ့ သင်ယူနေတဲ့ သားသားလေးရဲ့ ပုံလေးတွေကိုတင်ပေးထားတာဖြစ်ပါတယ်။

မိုးယုစံက သင်ဇာနွယ်ဝင်းတို့ သားအမိနဲ့လည်း ဓါတ်ပုံတွေရိုက်လာခဲ့ပါသေးတယ်။ အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ မိုးယုစံတို့ သားအမိနဲ့ သင်ဇာနွယ်ဝင်းတို့ သားအမိရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Kaung Theinkha Moe Thu

SHARE