သူငယ်ချင်းအွန်ဆိုင်းနဲ့ ကမ်းခြေက ပုံလေးတွေကို မိုးစက်ဝိုင် ဝေမျှ

အွန်ဆိုင်းနဲ့ မိုးစက်ဝိုင်ကတော့ အရမ်းကို ရင်းနှီးကြတဲ့ ဆယ်လီသူငယ်ချင်းတွေပါ။မိုးစက်ကတော့ (၂၀၁၃)ခုနှစ် Miss Universe Myanmar အလှမယ်တစ်ယောက်ပါ။အွန်ဆိုင်းကတော့ နာမည်ကြီး စူပါမော်ဒယ် တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။သူငယ်ချင်းနှစ်ယောက် တစ်ခါတလေ အတူပွဲတက်တာ၊ခရီးတွေ သွားတာကိုလည်း တွေ့ရပါတယ်။ မကြာသေးခင်က သူငယ်ချင်းတွေနဲ့ အတူ ငပလီကို ခရီးထွက်ခဲ့ကြပါတယ်။ခရီးက ပုံလေးတွေ ကတော့ မိုးစက် က သူမရဲ့ fb မှာ ဝေမျှထားပါတယ်။

🏝🏝ငပလီကမ်းခြေရဲ့အလှတရား ကို ချစ်ရတဲ့သူနဲ့ 💃💃အတူတူခံစားခဲ့တဲ့ ခံစားမူကတော့ …💕💕

Friendship goal 😊😘😉👱🏻‍♀️💁………. ဆိုပြီး တင်ထားတာပါ။

ပုံထဲမှာတော့ တစ်ယောက်တမျိုးစီလှနေကြတဲ့ သူမတို့ နှစ်ယောက်ကို တွေ့ရမှာပါ။ဒီပုံတွေ မတိုင်ခင်တုန်းကလည်း အွန်ဆိုင်းက သူမရဲ့ အကောင့်မှာ ငပလီကမ်းခြေက ပုံလေးတွေကို ဝေမျှခဲ့ပါသေးတယ်။ပုံလေးတွေကိုတော့ မိုးစက်က ရိုက်ပေးထားတာလို့ ဆိုပါတယ်။မိုးစက်ကလည်း သူမရဲ့ IG မှာ သူငယ်ချင်းနဲ့ အွန်ဆိုင်းနဲ့ ပုံလေးတွေကို လည်း တင်ခဲ့ပါသေးတယ်။

READ
Aroma Show မှာ တွေ့ရတဲ့ သတို့သမီးဖက်ရှင်လေးနဲ့သွန်းဆက်

Source အွန်ဆိုင်း၊မိုးစက်ဝိုင်

SHARE