ကလေးတွေကို ဖုန်းမသုံးခိုင်းပဲ (၇) လကြာ နေခိုင်းပြီးတဲ့နောက်မှာ…

facebook/Molly DeFrank

ယနေ့ခေတ်ကလေးတွေဟာ နည်းပညာခေတ်မှာ မွေးဖွားလာကြတဲ့အတွက် တီဗီ၊ ဖုန်း၊ ကွန်ပြူတာတွေနဲ့ မစိမ်းကြပါဘူး။ မိဘတွေကလည်း ကလေးတွေ ဖုန်းသုံး၊ တီဗီကြည့်တာမျိုးကို အရမ်းအဆိုးကြီး မဟုတ်ရင် ခွင့်လွှတ်ပေးထားတာများပါတယ်။ ဒါပေမယ့် စာရေးဆရာလည်းဖြစ်၊ ဘလော့ဂါတစ်ဦးလည်းဖြစ်တဲ့ မော်လီဒီဖရန့်ခ်ဆိုသူကတော့ ခေတ်ကလေးတွေရဲ့ ထုံးစံ ဖုန်းနဲ့မျက်နှာနဲ့ ကပ်နေတဲ့ အလေ့အကျင့်ကို သူမရဲ့သားသမီးတွေဆီမှာ အတတ်နိုင်ဆုံးလျော့ချခဲ့တာ ဖြစ်ပါတယ်။ မော်လီရဲ့ကလေးတွေအပေါ် ပြုစုပျိုးထောင်ပုံနဲ့ ပတ်သက်လို့ boredpanda သတင်းအရတော့ အခုလို သိရှိရပါတယ်။

facebook/Molly DeFrank

အောက်က ပုံလေးကတော့ မော်လီက သူမကလေးတွေ အိပ်ရာပေါ်မှာ အသီးသီးစာဖတ်နေပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

We did not stage this photo. Months ago we removed screen time from our kids. Why? Because my precious babies were…

Posted by Molly DeFrank on Thursday, November 7, 2019

မော်လီကတော့ ၄င်းပုံဟာ လူစိတ်ဝင်စားမှူရအောင် တမင်ကြိုတင်ပြင်ဆင်ပြီး ရိုက်ကူးထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မော်လီက ပြောရရင်တော့ ကလေးတွေကို တီဗီတွေ ဖုန်းတွေ မကြည့်ခိုင်းတာက နည်းနည်းတော့ စိန်ခေါ်မှူတွေ ရှိပါတယ်။ ဒီဖုန်းတွေ၊ တီဗီတွေဆိုတာက ကလေးတွေကို ဆွဲဆောင်နိုင်တယ်လေ။ မိဘတွေကလည်း သူတို့လုပ်စရာရှိတဲ့အချိန် အလုပ်လုပ်နေတုန်းမှာ ကလေးတွေ ကောင်းကောင်းငြိမ်အောင်ဆိုပြီး တီဗီတွေ၊ ဖုန်းတွေနဲ့ ထား ထားကြတယ်။ တချို့မိဘတွေ ကိုယ်တိုင်ကလည်း ဖုန်းတွေ၊ တီဗီတွေက အန္တရာယ်မရှိဘူး။ ဖျော်ဖြေရေးလည်းဖြစ်၊ ကလေးတွေကိုလည်း ဗဟုသုတရစေတယ်ဆိုပြီး ဒီတိုင်း လွှတ်ပေးထားကြတယ်….” လို့ ပြောပြပါတယ်။

facebook/Molly DeFrank

တဖန်ထပ်ပြီး “…ဖုန်းသုံး၊ တီဗီကြည့်တဲ့အချိန်တွေ နည်းလာတဲ့အခါ တကယ့် လက်တွေ့ဘ၀မှာ လိုအပ်တဲ့ စွမ်းရည်တွေကို သင်ယူလာနိုင်တယ်။ ကလေးတွေဟာ လူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံရမလဲဆိုတာ သိဖို့ လိုအပ်တယ်။ လူတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အမူအရာတွေဟာ ဘယ်လိုပြောင်းသွားတာ။ လူတွေရဲ့ အသံနေအသံထား စတာတွေကို သိဖို့ လိုအပ်တယ်။ ကလေးတွေကို ဖုန်းမသုံး၊ တီဗီမကြည့်ခိုင်းပဲနဲ့ လူမှူပတ်ဝန်းကျင်ကို စိတ်ဝင်စားလာအောင် ဖန်တီးလို့ရပါတယ်။ ကလေးတွေကို အသက်() လ အရွယ်ကတည်းကစပြီး မိဘတွေက စာဖတ်ပြတဲ့အခါ ကလေးတွေရဲ့ ဘာသာစကားကြွယ်ဝမှူနဲ့ စာဖတ်စွမ်းရည်ကို အထောက်အကူဖြစ်စေပါတယ်…” လို့လည်း မော်လီက ပြောပြခဲ့ပါသေးတယ်။

facebook/Molly DeFrank

မော်လီကတော့ သူမအနေနဲ့ ကလေးတွေကို ဖုန်းသုံးတာမျိုး၊ တီဗီကြည့်တာမျိုး ကန့်သတ်ရာမှာ ကလေးတွေအတွက် အစပိုင်း အနည်းငယ်တော့ အခက်အခဲဖြစ်ခဲ့ပြီး နောက်ပိုင်းကျတော့ သူတို့လည်း နေသားကျသွားကြောင်း ဆိုပါတယ်။ မော်လီက သူမရဲ့ ကလေးတွေဟာ ဖုန်း၊ တီဗီစတဲ့ စခရင်တွေကို နှစ်သက်ပေမယ့် စခရင်တွေကတော့ ကလေးတွေကို ဒုက္ခသာဖြစ်စေကြောင်း၊ ဒါ့အပြင် စခရင်တွေဟာ ပညာရှင်တွေပြောသလိုပဲ ကလေးတွေအတွက် အန္တရာယ်များကြောင်းနဲ့ ကလေးတွေကို စိတ်တိုလွယ်၊ စိတ်အပြောင်းအလဲမြန်ပြီး အလိုမကျတဲ့လူသားတွေအဖြစ်သာ တွန်းပို့နေကြောင်း လည်း ဆိုပါတယ်။

READ
ပျော်ရွှင်နေတဲ့သူတွေ လုပ်လေ့ရှိတဲ့ အလေ့အကျင့်(၅)ခု
facebook/Molly DeFrank

မော်လီနဲ့ အမျိုးသားဖြစ်သူတို့ဟာ ကလေးတွေကို ()လမျှကြာအောင် စခရင်တွေနဲ့ အဆက်ဖြတ်ထားခိုင်းနောက်မှာတော့ စခရင်တွေနေရာမှာ စာအုပ်တွေကိုသာ အစားထိုးဖတ်ရှူနေကြတဲ့ ကလေးငယ်တွေကို အခုလို တွေ့ရတာ ဖြစ်ပါတယ်။ မော်လီကတော့ အခြားမိဘတွေကိုလည်း ကလေးတွေကို ဖုန်းနဲ့ အချိန်မကုန်စေပဲ သူမနည်းတူ ကလေးတွေရဲ့ လူမှူဆက်ဆံရေးနဲ့ အသိဥာဏ်အလိမ္မာမြင့်မားအောင်သာ ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

လင်းလင်း (ShweMom)

SHARE