သားနှစ်ယောက်ကို နာမည်ကြီးသရဲကားထဲကအတိုင်းအဝတ်ဆင်ပေးခဲ့လို့ နာမည်ကြီးနေသူ

IT

သရဲကြီးများနေ့လို့တင်စားကြတဲ့ ဟောလိုးဝင်းပွဲတော်ဟာ တဖြေးဖြေးနီးကပ်လို့လာနေပါပြီ။ အောက်တိုဘာလ ၃၁ ရက်နေ့မှာဖြစ်တဲ့အတွက်ကြောင့် အခုဆိုရင်နိုင်ငံတော်တော်များများက ပွဲတော်အတွက်ဝတ်စုံတွေ၊ အလှဆင်ပစ္စည်းတွေကိုအခုကတည်းက ဝယ်ယူပြင်ဆင်နေကြပါပြီ။ နှစ်တိုင်းလိုလို ဟောလိုးဝင်းမှာ ဘယ်လိုအပြင်အဆင်တွေခေတ်စားမလဲ၊ ဘယ်ဆယ်လီကဘယ်လိုတွေဝတ်ဦးမလဲဆိုပြီး အမြဲစောင့်ကြည့်နေခဲ့ရတာ နှစ်တိုင်းလိုလိုပါပဲ။

ဒါပေမဲ့ ဒီနှစ်အတွက်ကိုတော့ အကောင်းဆုံးဝတ်စုံပိုင်ရှင်လေးနှစ်ယောက် အခုကတည်းကထွက်ပေါ်လာခဲ့ပြီလို့ဆိုရမှာပါပဲ။ မိခင်ရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးနဲ့ သူမရဲ့သားလေးနှစ်ယောက်ကို လက်တလောနာမည်ကြီးနတဲ့ဇာတ်ကောင်နှစ်ခုအတိုင်းပြင်ဆင်ပေးခဲ့ရာမှ တော်တော်လေးလူကြိုက်သွားခဲ့တာပါ။

Doncaster မှ Amyleigh Harrison ဟာ ၂၅ ဒေါ်လာကတည်းနဲ့ သူမသားလေးတွကို ဝတ်စုံပြင်ဆင်ပေးခဲ့တာပါတဲ့လေ။ ၂ ပေါင်ပဲရှိတဲ့ ခြေစွတ်၊ အမေဇုန်ကဝယ်တဲ့ ဆံပင်တုနဲ့ ဝတ်စုံကတော့ ၁၀ ပေါင်ကျော်ကျော်သာကျပါတယ်တဲ့။ ပြင်ဆင်ပေးခဲ့တာကတော့ IT ရုပ်ရှင်ထဲက Pennywise the Dancing Clown ပုံစံလေးဆင်ပေးခဲ့တာဖြစ်ပြီးနောက်သားတစ်ယောက်ကိုတော့ အဲဒီရုပ်ရှင်ထဲကပဲ Georgie လိုမျိုး ဝတ်ဆင်ပေးထားခဲ့ပမေယ့်လို့ Pennywise နဲ့တွေ့ပြီး သေသွားပြီးနောက် ပုံရိပ်ပြန်ပေါ်လာတဲ့ လက်တစ်ဖက်မရှိတော့တဲ့ Georgie ပုံစံမျိုး ပြင်ဆင်ပေးထားခဲ့တာပဲဖြစ်ပါတယ်။

READ
မွေးကင်းစညီမလေးကို လက်က မလွှတ်ပေးနိုင်အောင် အချစ်ပိုနေတဲ့ တစ်နှစ်သမီးလေးရဲ့ ဗီဒီယို
imdb/IT
imdb/IT

Amyleigh ရဲ့သားလေးနှစ်ယောက်စလုံးဟာ အသက်သာငယ်သေးပေမယ့်လို့ သရဲကားတွေဆိုအရမ်းကြိုက်ကြသတဲ့။ ဒါကြောင့်လည်း ဟောလိုးဝင်းမရောက်သေးတာတောင်မှပဲ အမေဖြစ်သူကို ဝတ်စုံဝတ်ချင်တယ်လို့ ပူဆာခဲ့တယ်အတွက် Amyleigh အနေနဲ့ အခုလိုကြံကြံဖန်ဖန်စီစဉ်ခဲ့တာပါ။ ညီအစ်ကိုနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ကြည့်လိုက်ပါဦး။

Facebook/Amyleigh Harrison
Facebook/Amyleigh Harrison

Penny

SHARE