အလုပ်ပင်ပန်းနေတဲ့ မိခင်ဖြစ်သူကို ပေါင်ပေါ်မှာအိပ်စေခဲ့တဲ့ကလေးငယ်ရဲ့ဗီဒီယို

Youtube

မိဘတွေဆိုတာ သားသမီးတွေအပေါ် စေတနာ၊မေတ္တာတွေ အပြည့်အ၀ ထားကြသူတွေ ဆိုပေမယ့်လည်း တစ်ခါတလေမှာတော့ သားသမီးတွေဆီက ထင်မှတ်မထားတဲ့ မေတ္တာတွေကို ပြန်ရတတ်ကြတာမျိုးပါ။

တရုတ်နိုင်ငံတွင်းက ရထားတစ်စီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကလည်း သားသမီးတစ်ယောက်အနေနဲ့ မိခင်ဖြစ်သူကို ဘယ်လောက်တောင် ချစ်ခင်ကြင်နာသလဲဆိုတာ ပြသနေသလိုပါပဲ။

Youtube

ဒီအဖြစ်အပျက်က (၂၀၁၈)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဆိုပေမယ့် ဒီ ဗီဒီယိုလေးကို ပြန်ကြည့်မိသူတိုင်းကတော့ သားသမီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားနေရဆဲပါ။

တရုတ်သတင်းဌာနတစ်ခုကနေ တင်ထားခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ရထားတစ်စီးပေါ်မှာ အတူလိုက်ပါလာတဲ့ သားအမိနှစ်ယောက်ရဲ့အဖြစ်ကိုဖော်ပြထားပါတယ်။ ကလေးငယ်ဟာ အသက် (၃)နှစ်အရွယ်လောက်သာ ရှိသေးပြီး အလုပ်ကနေ ပြန်လာခဲ့တဲ့ မိခင်နဲ့အတူ ရထားစီးလာခဲ့တာပါ။

အလုပ်ပင်ပန်းလာတဲ့ မိခင်ဖြစ်သူဟာ ရထားပေါ်ရောက်တဲ့အချိန်မှာတော့ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ သားဖြစ်သူရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတော့တယ်။ မိခင်ဖြစ်သူရဲ့အလေးချိန်ကြောင့် ညောင်းနေပေမယ့်လည်း ချစ်စရာကောင်းတဲ့ ကလေးငယ်လေးကတော့ မိခင်ကို မနှိုးပဲ မိခင်ဖြစ်သူရဲ့ ဆံပင်တွေကိုတောင် ချစ်စနိုးနဲ့ ပွတ်ပေးနေတာကို မြင်တွေ့ခဲ့ရတာပါ။

READ
ပြည်သူတွေအတွက် အလိုအလျောက်ဆန်ထုတ်ပေးနိုင်တဲ့ ဗီယက်နမ်က အခမဲ့ ATM စက်များ

အနီးအနားမှာ ရှိတဲ့သူတွေက ဒီအဖြစ်အပျက်ကို ဗီဒီယိုရိုက်ထားခဲ့ကြပြီး ကလေးလေးကို ၀ိုင်းစနေကြပေမယ့် ကလေးကတော့ မိခင်ကို မနိုးသွားအောင်သာ ဂရုစိုက်နေခဲ့ပါတယ်။

ဒီ ဗီဒီယိုဖိုင်လေးက မိခင်အပေါ်ထားတဲ့ ကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ထင်သာမြင်သာ ဖြစ်စေတယ်လို့ ကြည့်ရှုသူတွေက မှတ်ချက်ပေးခဲ့ကြပြီး ချစ်စရာကောင်းတဲ့ ကလေးလေးရဲ့ အမူအရာတွေကိုလည်း သဘောကျနေကြပါတယ်။

Linn

SHARE