သားဖြစ်သူ,အားရှိဖို့ ဖားလောင်းလေးတွေ အရှင်အတိုင်း ကျွေးမွေးခဲ့သည့် မိခင်

လူမှုကွန်ရက်ဗွီဒီယိုပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ သားဖြစ်သူ အားအင်ပြည့်ဖြိုးဖို့အတွက် ရည်ရွယ်ပြီး ကလေးကို ဖားလောင်းလေးတွေ အရှင်အတိုင်း ကျွေးမွေးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လူမှုကွန်ရက်ပေါ်မှာ သူမရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး၊ ဖားလောင်းလေးတွေမှာလည်း ဘက်တီးရီးယားနဲ့ တစ်ခြားကူးစက်ရောဂါတွေ ပါလာနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဗွီဒီယိုထဲမှာတော့ ကလေးကို အဆိုပါမျိုးသမီးက ဖားလောင်းလေးတွေ ထည့်ထားတဲ့ စွပ်ပြုတ်ပန်းကန်ထဲကနေ တစ်ဇွန်းပြီးတစ်ဇွန်း ခပ်တိုက်နေတာကို အသည်းယားဖွယ်ရာ တွေ့ရပါတယ်။ စွပ်ပြုတ်ပန်းကန်ထဲမှာ ဖားလောင်းလေးတွေဟာ ဟိုမှသည်မှ ကူးခတ်နေပြီး ဒီဖားလောင်းလေးတွေက သူ့သားကို ကျန်းမာစေလိမ့်မယ်လို့ မိခင်က ယူဆနေပါတယ်။

Daily Mail

(၁၉၄၉)ခုနှစ်မှာ (၂၀၁၄)ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီရင်စု(၃၄)စုအနက် (၂၅)စုမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရတဲ့ကလေးငယ်ဦးရေပေါင်း (၁၃၀၀)အထိ ရှိခဲ့ပြီး၊ အခုလိုအခြေအနေတွေကနေ မိခင်တွေရဲ့ ပယောဂကြောင့် ကလေးတွေကို ရောဂါမျိုးစုံး ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

READ
ခွေးအကောင်(၄၀၀)ကျော်ကို စောင့်ရှောက်ပေးနေတဲ့ Dog Lady ဆိုတဲ့ အမျိုးသမီးကြီး

နတ်စည်တော် (Shwemom)

Source : viral4real.com

SHARE