
သားသမီးတွေကို ငယ်စဉ်ကလေးဘဝကတည်းက အနီးကပ်အတူရှိပြီး သားသမီးတွေရဲ့ ဝေယျာဝေစ္စတွေကို အရာခပ်သိမ်းလိုက်လုပ်ပေးတာ မိခင်တွေပါပဲ။ ဖခင်အများစုကတော့ များသောအားဖြင့် မိသားရဲ့ စားဝတ်နေရေးအတွက် အိမ်အပြင်မှာ စီးပွားရှာထွက်နေရတာပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တာကတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေတဲ့ မိခင်တစ်ယောက်အကြောင်းပါ။

ပုံထဲမှာ တွေ့ရတဲ့ အမျိုးသမီးကတော့ April Daniels လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ခုံမှာ ထိုင်နေတဲ့ လူကတော့ April ရဲ့ သားဖြစ်သူ Jett Daniels ပဲ ဖြစ်ပါတယ်။ Jett ဟာ ရှေ့နေစာမေးပွဲတစ်ခု ဖြေဆိုထားတာကြောင့် အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်ရှု့ပြီး ရင်ခုန်နေသလို အနောက်မှာရှိတဲ့ April ကလည်း သူမရဲ့ သားဖြစ်သူရဲ့ အောင်စာရင်းအဖြေကို ရင်ခုန်စွာ စောင့်မျှော်နေပါတယ်။
အဲဒီနောက်မှာတော့ Jett တစ်ယောက် စာမေးပွဲအောင်သွားမှန်း သိလိုက်ရတဲ့ အချိန်မှာတော့ April ဟာ ဝမ်းသာအားရနဲ့ ခုန်ပေါက်ပျော်ရွှင်နေခဲ့သလို Jett ခမျာလည်း ဝမ်းသာလွန်းလို့ ခုံပေါ်မှာတင် လက်အုပ်ပြီး ငိုနေရှာပါတယ်။ အဲဒီနောက်မှာတော့ April ဟာ ဝမ်းသာအားရနဲ့ ဘုရားသခင်ကို ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောခဲ့ပြီး သူ့ရဲ့ သားဖြစ်သူ Jett ကို ဖက်ကာ ဂုဏ်ပြုစကားပြောကြားနေခဲ့တာကို အောက်ကဗီဒီယိုထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
View this post on Instagram
Jett ရဲ့ ဖခင်ဖြစ်သူ ဒါမှမဟုတ် Apri ရဲ့ ခင်ပွန်းဖြစ်သူကတော့ တစ်ခြားလူမဟုတ်ပါဘူး။ Grammy ဆုရ တေးရေးပညာရှင် LaShawn Ameen Daniels ပဲ ဖြစ်ပါတယ်။ LaShawn ဟာ နာမည်ကြီး တေးရေးဆရာတစ်ယောက်ဖြစ်သလို Beyonce, Whitney Houston အစရှိတဲ့ နာမည်ကျော် Pop Star တွေအတွက် သီချင်းပေါင်းများစွာ ရေးပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Destiny’s Child အဖွဲ့အတွက် LaShawn ရေးသားခဲ့တဲ့ Say My Name သီချင်းဟာ ၂၀၀၀ ခုနှစ်တုန်းက Grammy ဆု ရရှိခဲ့ဖူးပါတယ်။ LaShawn ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလထဲမှာ ကားအက်ဆီးဒင့်တစ်ခုဖြစ်ပြီး ကွယ်လွန်သွားခဲ့တာပါ။ LaShawn ဟာ သားဖြစ်သူ Jeff ကို ရှေ့နေတစ်ယောက် ဖြစ်စေချင်ခဲ့ပြီး LaShawn ရဲ့ ဆန္ဒကို Jeff က အကောင်အထည် ဖော်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Pyi Hein Kyaw