ရှားပါးရောဂါကြောင့် ကျောက်ကပ်လိုအပ်နေတဲ့ သားနဲ့ သမီးကြားမှာ ဗျာများခဲ့ရတဲ့ မိခင်

kidneyresearch.uk

အမေဆိုတာကတော့ သားသမီးတွေအတွက် ဘာမဆို လုပ်ပေးချင်တဲ့သူမျိုးတွေပါ။ ဒါပေမယ့်လည်း သားသမီးတွေအတွက် အမေတွေ မတတ်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ကြုံရတတ်ပါသေးတယ်။ UK မှာ ရှိတဲ့ အမေ တစ်ယောက်ကတော့ မိခင်တစ်ယောက်အနေနဲ့ ရင်နာရလွန်းတဲ့ ဆုံးဖြတ်ချက်မျိုးကို ချခဲ့ရပါတယ်လို့ insider ကနေ အခုလို ဖော်ပြထားပါတယ်။

kidneyresearch.uk

သားနဲ့ သမီး နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကယ်လို့ ရမယ့် အခြေအနေမျိုးကို မိခင်တစ်ယောက်က ကြုံခဲ့တဲ့အခါမှာ ဘယ်သူ့ကို ကယ်ရမလဲဆိုတာမျိုးကို ဆုံးဖြတ်ရတာ တကယ့်ကို ရင်နာစရာပါပဲ။ Sarah Bingham လို့အမည်ရတဲ့ အသက် ၄၁ အရွယ် အမျိုးသမီးမှာ အသက် ၂၀ အရွယ် သားတစ်ဦးနဲ့ အသက် ၁၆ နှစ်အရွယ် သမီး တစ်ဦး ရှိပါတယ်။

သမီးဖြစ်သူ Ariel က စာမေးပွဲကြောင့် ပင်ပန်းရတာတွေကနေဆင့် အစာအိမ်နာတာမျိုး ဖြစ်ပြီး ဆေးရုံတက်ရာကနေ ဒီဇာတ်လမ်းက စလာခဲ့တာပါ။ ဒီလိုနဲ့ ဆေးစစ်ချက်တွေမှာ ကျောက်ကပ်လုပ်ဆောင်မှုက အရမ်းကို အားနည်းနေပြီး ကောင်းကောင်း အလုပ်မလုပ်တော့တာကို သိလာခဲ့ရပါတယ်။

kidneyresearch.uk

နောက်ထပ် ၃ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာတော့ သားဖြစ်သူ Noah က နေမကောင်းဖြစ်ပြီး သွေးအန်တာတွေ ဖြစ်လာခဲ့ပါတော့တယ်။ အစာအိမ်မှာ အစာမရှိတာတွေကြောင့် ကိုယ်အလေးချိန် ကျဆင်းမှုတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ညီမ ဖြစ်သူလိုပဲ သူကလည်း ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။

READ
ကြက်သားစားသုံးခြင်းနဲ့ ကင်ဆာဟာ ဆက်စပ်နေကြောင်း လေ့လာချက်တစ်ခုက ဆို

ကလေးနှစ်ယောက်လုံးက ကျောက်ကပ်အစားထိုးမှ ရတော့မယ့် အခြေအနေ ဖြစ်နေတာမို့ မိဘ  နှစ်ပါးလုံးက ကျောက်ကပ်လှူဖို့ ဆေးစစ်ခဲ့ပေမယ့်လည်း အဖေ ဖြစ်သူနဲ့ မကိုက်ညီဘဲ အမေနဲ့ပဲ ကိုက်ညီနေခဲ့ပါတယ်။

 

အမေဆိုတော့ သားသမီးတွေ နာကျင်မှု သက်သာစေဖို့ လုပ်နိုင်သမျှ အကုန် လုပ်ချင်ခဲ့ပေမယ့် သားသမီး နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကျောက်ကပ်က ပေးလို့ ရတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒါက သူမအတွက် တကယ့်ကို ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။

ဒါကြောင့် နောက်ဆုံးမှာ သူငယ်ချင်းတွေကလည်း နောက်ထပ် အမည်မသိ အလှူရှင်တစ်ယောက်ရှိလာဖို့ မျှော်လင့်နေပါတယ်။ အမေဖြစ်သူက သမီးဖြစ်သူ Ariel ကို သူမရဲ့ ကျောက်ကပ်ကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပြီး သားဖြစ်သူအတွက် အလှူရှင်ကို ထပ်မံ မျှော်လင့်နေရပါတော့တယ်။

READ
တစ်နေ့ကော်ဖီ(၃)ခွက်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်းသိရ
kidneyresearch.uk

ပရော်ဖက်ဆာ John Sayer ကတော့ ဒီလိုမျိုး ကျောက်ကပ်လုပ်ဆောင်မှု မူမမှန်တဲ့ ရောဂါမျိုးက UK မှာတောင် ကလေးဦးရေ ၁၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အခုလိုမျိုး အသက် ၂၀ အရွယ်မှာ ဒီလို ရောဂါ ကြုံရတာလည်း ထူးဆန်းနေပြီး တကယ်တော့ ဒီရောဂါမျိုး ဖြစ်ရင် အသက် ၁၃ နှစ်အထိပဲ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

အမေဖြစ်သူကတော့ ကျောက်ကပ်သုတေသန ပြုလုပ်တဲ့ အဖွဲ့အစည်း ရန်ပုံငွေအတွက် တစ်နေ့ကို ခြေလှမ်း တစ်သောင်းနှစ်ထောင်နဲ့ ၁၂ ရက်ကြာအောင် လမ်းလျှောက်တဲ့ Challenge မှာ ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ဘဝအကြောင်းကလည်း တကယ်ပဲ တခြားသော ကျောက်ကပ်ရောဂါ ရင်ဆိုင်ခဲ့ရတဲ့သူတွေကို ခွန်အား ဖြစ်စေခဲ့ပါတယ်လို့ အဖွဲ့အစည်းခေါင်းဆောင်လည်း ပြောထားပါတယ်။

Kham

SHARE