TV နဲ့ နည်းပညာ ပစ္စည်းများမရှိတဲ့ခေတ်တုန်းက ကလေးတွေဒီလိုပျော်ခဲ့ကြတယ်

နီကီဘွန်း (Niki Boon)ဆိုသူ အမျိုးသမီးတစ်ယောက်ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဘ၀ရဲ့အခက်အခဲတစ်ချို့ကြောင့် သူမရဲ့ ဓာတ်ပုံရိုက်ဝါသနာကို စွန့်လွှတ် ခဲ့ရပြီး နယူးဇီလန်နိုင်ငံ ကျေးလက်တောနယ်လေးတစ်ခုမှာ အိမ်ထောင်ရက်သားကျခဲ့ပါတယ်။ဘွန်းဟာ ထိုအချိန်မှာ သူမကလေး ၄ ယောက်ရဲ့ နည်းပညာပစ္စည်းများနဲ့ ကင်းဝေးနေပြီး ကျေးလက်တောရွာ သဘာဝတရားမှာ ပျော်ရွှင်နေကြပုံကို ဓာတ်ပုံများစွာ ရိုက်ကူးခဲ့ပါတယ်။ဘွန်းဟာ သူမရဲ့ ကလေး ၄ ယောက် ကျေးလက်သဘာဝတရားများ ပျော်မွှေ့နေတဲ့ ပုံကို ” သဘာဝတရားထဲက ကလေးဘ၀ ” လို့ အမည်ပေးခဲ့ပြီး ဓာတ်ပုံရိုက်ကူးသူရဲ့ ခွင့်ပြုချက်နဲ့ ကလေးဘ၀က ကျေးလက်တောရွာထဲမှာ ပျော်ရွှင်နေကြတဲ့ ပုံများကို Shwemom ပရိတ်သတ်ကြီးအတွက်ဖော်ပြလိုက်ပါတယ်။

TV နဲ့ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းများမရှိတဲ့ နေရာမှာ နေထိုင်နေတဲ့ ကျွန်မရဲ့ ကလေးများ။

READ
မိဘဆရာပူးပေါင်းခြင်းဖြင့် ကလေးတွေ ကျောင်းနေပျော်အောင် ဆောင်ရွက်ပေးနိုင်

ဒီလို ဘ၀နေထိုင်မှုပုံစံဟာ တခြားသော သူတွေအတွက် အစဉ်အလာနှင့် မကိုက်ညီဘဲထူးဆန်းနေမှာဖြစ်ပေမဲ့ ကျွန်မကတော့ ဒီလို မှော်ဆန်တဲ့ နေရာလေးမှာ ကျွန်မကလေးတွေကို ကြီးပြင်းနေတာကို မြင်ရတာ ပျော်ပါတယ်။

သူတို့လေးတွေ သဘာဝတရားကြီးထဲမှာ ပျော်ရွှင်စွာ ဆော့နေကြတာကို ကျွန်မ နေ့တိုင်းမှတ်တမ်းတင်ထားပါတယ်။

ဒါဟာ သူတို့ ရဲ့ စစ်မှန်သော ကလေးဘ၀ အစစ်ပါပဲ။

ကျွန်မ ငယ်စဉ်က ကြီးပြင်းခဲ့တဲ့ ကလေးဘ၀ကို လည်း အမှတ်ရစေပါတယ်။

ကျွန်မရဲ့ ကလေးတွေကို ဒီလိုမျိုး သဘာဝတရားထဲမှာ ကြီးပြင်းစေချင်တာပါ။

ကျွန်မရဲ့ ဓာတ်ပုံများကတဆင့် တခြားသော သူတွေကို သူတို့ရဲ့ ကလေးဘ၀ကို တစ်ချက်လေးလောက်ပဲဖြစ်ဖြစ် ပြန်သတိရသွားရင် ကျွန်မ ကျေနပ်ပါတယ်။

ကျွန်မကလေးတွေ ရွံလူးပြီး ပျော်ရွှင်စွာ ကစားနေကြတာကို မြင်ရတဲ့အခါ ကျွန်မ ပျော်ပါတယ်။

READ
လကုန်ခါနီးလေ မပျော်နိုင်လေ ဖြစ်ကြတဲ့ လူ(၄)မျိုး

သူတို့ဟာ သဘာဝတရားကြီးထဲမှာ ဆော့ကစားနေကြတာ ဖြစ်ပါတယ်။

ကလေးငယ်တွေဆိုတာ သဘာဝတရားကြီးထဲမှာ ကြီးပြင်းသင့်တာပါ။

ကျေးလက်တောရွာမှာ နေရတယ်ဆိုတာ တကယ်တော့ အများကြီးခက်ခဲပါတယ်။ဒါပေမဲ့ ဒီလိုကျေးလက်မှာ နေထိုင်ရခြင်းဟာ ကလေးများကို သူတို့ရှိတာနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် သင်ကြားပေးနိုင်တဲ့အတွက် တကယ်ကောင်းမွန်ပါတယ်။

သူတို့ဟာ ကျွန်မတို့ စားနေတဲ့ အစားအစာကို ဘယ်လို စိုက်ပျိုးရယူရသလဲဆိုတာနဲ့ ရှင်ခြင်းနဲ့ သေခြင်းအကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်သွားကြပါတယ်။

သူတို့ဟာ ကျေးလက်တောရွာမှာ နေထိုင်ကြခြင်းဖြင့် အရေးကြီးတဲ့ ဘ၀သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်ကြပါတယ်။

Slash (Shwemom)

Ref : Bright Side

SHARE