အသင့်စားမုန့်ထုပ်တွေ စားပါများပြီး ကင်ဆာရှေ့ပြေးလက္ခဏာတွေ ပေါ်လာတဲ့ ကလေးငယ်

unsplash/Ryan Quintal

ဈေးကွက်မှာ အလွယ်တကူ တွေ့နိုင်တဲ့ အသင့်စားမုန့်ထုပ်တွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်း သိပါတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေဟာ ဒီိလိုအသင့်စားမုန့်ထုပ်တွေကို ပိုလို့တောင် သတိထားစားသင့်ပါတယ်။ သူတို့ရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေလောက် မဖွံ့ဖြိုးသေးတဲ့အတွက် ရောဂါတစ်ခုခုဖြစ်လာရင် ခံနိုင်ရည်စွမ်းအား နည်းလှပါတယ်။

အေမီအမည်ရတဲ့ မလေးရှားမိခင်တစ်ယောက်ကတော့ အသင့်စားမုန့်ထုပ်တွေဟာ ကလေးတွေ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းဖို့ကို အထောက်အကူမပြုကြောင်း သူမသူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကို သက်သေအနေနဲ့ ပြန်လည်ပြောပြခဲ့တာပါ။ သူမမိတ်ဆွေရဲ့ ကလေးဟာ မိခင်က အသင့်စားမုန့်ထုပ်တွေ ကျွေးပါများလို့ အခုဆို ကင်ဆာရှေ့ပြေးလက္ခဏာတွေကို ခံစားနေရပါပြီ။

facebook/Louis AmyCek

ကလေးငယ်က အသက်(၂) နှစ်ပဲ ရှိပါသေးတယ်။ ကလေးဟာ အဖျားတက်လိုက် ကျလိုက်နဲ့ ဖြစ်နေတဲ့အပြင် ၀မ်းဗိုက်ကလည်း ရောင်နေပြီး ကလေးရဲ့လည်ပင်းမှာ အကြိတ်အဖု သေးသေးလေးတွေ အများကြီး ထွက်လာနေတာပါ။ နောက်ပိုင်း ကလေးကို ဆရာဝန်သွားပြတဲ့အခါမှာတော့ အမှန်ပဲ ကလေးမှာ ကင်ဆာရှေ့ပြေးလက္ခဏာတွေရှိနေတယ်လို့ ဆရာဝန်က အတည်ပြုခဲ့တာပါ။

READ
ရွံစရာတော့ ကောင်းပေမယ့် ကျန်းမာရေးအရ သင့်တော်တဲ့ အမူအကျင့်များ
facebook/Louis AmyCek

အေမီဟာ သူမမိတ်ဆွေကို ကလေးရဲ့ အာဟာရစားသုံးပုံနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တဲ့အခါမှာတော့ ကလေးအမေက ခုလို ပြန်ဖြေပါတယ်။ “ကျွန်မက များသောအားဖြင့် အိမ်မှာ အချိုရည်ဘူးတွေ ပါကင်လိုက်ဝယ်ထားတယ်။ ကလေးကို အသင့်စားတဲ့ အဆာပြေစာ မုန့်ထုပ်တွေလည်း ကျွေးတယ်…”

အေမီဟာ မိတ်ဆွေအမျိုးသမီးရဲ့ ဖြေဆိုပုံနဲ့ ပတ်သက်လို့ တော်တော်လေး အံ့အားသင့်သွားခဲ့ပါတယ်။ ကလေးကို အာဟာရရှိတာတွေ မကျွေးပဲ အဆာပြေစာတွေနဲ့ ဖြစ်သလိုကျွေး၊ ကလေးက ရောဂါဖြစ်တော့မှ မချိတင်ကဲ ၀မ်းနည်းနေတဲ့ ၄င်းအမျိုးသမီးကို အေမီက တွေးရခက်နေပါတယ်။

unsplash/Troy T

ကင်ဆာရှေ့ပြေးလက္ခဏာတွေ့ရတဲ့ ကလေးငယ်ရဲ့ မိသားစုထဲမှာလည်း သွေးကင်ဆာမျိုးရိုးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မိခင်အနေနဲ့တော့ မိသားစုတွင်းမှာလည်း ကင်ဆာရှိသူတွေပါတော့ ကလေးကို ငယ်ငယ်တည်းက သမမျှတတဲ့အစားအသောက်ကို ကျွေးသင့်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်လည်း ဈေးကွက်ထဲမှာ ထုတ်ပိုးမှုပုံစံ လှလှလေးတွေနဲ့  အန္တရာယ်ရှိမှန်းမသိ၊ မရှိမှန်းမသိရတဲ့ စားသောက်ကုန်တွေက အများကြီးပေါ်လာတာမို့ မိဘတွေအနေနဲ့ ကလေးတွေကို အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကိုသာ ကျွေးသင့်တဲ့အကြောင်း worldofbuzz မှ တဆင့် ဖော်ပြပေးလိုက်ရပါတော့တယ်။

READ
အိပ်ယာခင်းများကို တစ်ပတ်တစ်ခါ မလျှော်လျှင် ကျန်းမာရေးထိခိုက်နိုင်

လင်းလင်း (ShweMom)

SHARE