လမ်းမပေါ်မှာ အစာရေစာငတ်ပြတ်နေတဲ့ ကိုယ်ဝန်ကြီးနဲ့ ခွေးမကြီးကို ကယ်တင်ခဲ့သူ

Instagram_ fifteenpuppies

ခွေးမလေးရဲ့နာမည်ကတော့ Lil’Mama ပါတဲ့။ သူ့ကို လမ်းမပေါ်မှာတွေ့ပြီးမှ ပေးထားခဲ့တဲ့ နာမည်လေးပေါ့။ Lil’Mama ကို တွေ့ခဲ့သူကတော့ Stephanie Fikes ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။ စတိုးဆိုင်ကို သွားရင်း ဆိုင်ရဲ့ ကားပါကင်မှာ ဖောယောင်နေတဲ့ ဝမ်းဗိုက်ကြီးနဲ့ အညိုရောင်ခွေးမလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။ နေရောင်ခြည်နွေးနွေးလေးကို ခံနေတယ်ဆိုပေမယ့် သူ့ကိုကြည့်ရတာ အခြေအနေ သိပ်မဟန်တဲ့ပုံပါပဲတဲ့။

Instagram- @fifteenpuppies

ဒါနဲ့ပဲ Stephanie ဟာ အဲဒီခွေးမလေးကို သူ့ကားပေါ်တင်ခေါ်ခဲ့ပါတော့တ်။ နောက် ချစ်သူ Justin Richie ရဲ့အိမ်ကို ခေါ်လာခဲ့ပါတယ်။ နောက် ရေချိုးသန့်စင်ပေးရင်း အစားအစာတွေကျွေးမွေးခဲ့ပါတယ်။

နောက် တိရိစ္ဆာန်ဆေးခန်းကို ခေါ်သွားရင်း Lil’Mama ရဲ့ ကျန်းမာရေးကို စစ်ဆေးခဲ့ကြပါတယ်။ အနည်းငယ်အားနည်းသယောင်ရှိနေပေမယ့် ကျန်းမာရေးလည်းကောင်းပြီး ကလေးလေးတွေဟာလည်း အဆင်ပြေပါတယ်လို့ ဆရာဝန်က ပြောခဲပါတယ်တဲ့။

နောက် ပြီးခဲ့တဲ့ ၅ ရက်လောက်တုန်းကတော့ Lil’Mama ဟာ ကလေးလေးတွေ မွေးလာခဲ့ပါပြီ။ ဘယ်လောက်တောင်လဲဆို ခွေးလေး ၁၅ ကောင်တောင်မွေးခဲ့တာပါတဲ့လေ။ Lil’Mama ဟာ ကလေးတွေအရမ်းများနေတဲ့အတွက် အကုန်စေ့အောင် နို့ချိုတိုက်ကျွေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် Stephanie တို့ကပဲ နို့မှုန့်ဖျော်တိုက်နေရပါယတ်တဲ့။ နောက် လမ်းလေးတွေလည်း စလျှောက်တတ်နေ

READ
စိတ်ဝေဒနာရှင်ဖြစ်နေပေမယ့်လည်း မိခင်ကိုစောင့်ရှောက်ရကောင်းမှန်းသိတဲ့ သားလိမ္မာ
Instagram- @fifteenpuppies
Instagram- @fifteenpuppies

ပြီဆိုတော့ အိမ်ထဲ တတောက်တောက်နဲ့ လျှောက်သွားနေကြတာ တော်တော်လေး ကြည်နူးဖို့ကောင်းနေပါတယ်တဲ့။

Instagram- @fifteenpuppies

 

 

View this post on Instagram

 

This mornings cuddle puddle! 🐶✨💗

A post shared by Lil Mama + 15 (@fifteenpuppies) on

ဒါပေမဲ့လည်း သူတို့အတွက် Lil’Mama အပါအဝင် ခွေးပေါက်လေး ၁၅ ကောင်လုံးကို မွေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ခွေးလေးတွေအတွက် ထာဝရနေရမယ့်အိမ်တွေကို ရှာဖွေနေပါတယ်။

Instagram- @fifteenpuppies

penny

SHARE