အသံချွေတာတဲ့အနေနဲ့ ကလေးတွေနဲ့တောင် အသံထွက် စကားမပြောတဲ့ တေးသံရှင်

instagram/aliciakeys

အမေရိကန်တေးသံရှင်တစ်ဦးဖြစ်တဲ့ Alicia Keys ဟာ ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့လှည့်ဖျော်ဖြေရေး အစီအစဉ်ရှိပါတယ်။ အသက် (၃၉) နှစ်ရှိပြီဖြစ်တဲ့ Alicia ဟာ သားနှစ်ယောက်တို့ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ကတော့ အသက် (၉) နှစ်အရွယ် အီဂျစ်နဲ့ အသက် (၅) နှစ်အရွယ် ဂျနဲစစ်တို့ဖြစ်ပါတယ်။

Alicia က သူမဟာ အဆိုရှင်တစ်ယောက်ပီပီ အသံကို ချွေတာကြောင်းနဲ့ အသံကို အနားပေးထားတဲ့ အချိန်တွေမှာ ကလေးတွေနဲ့ နှုတ်ခမ်းလှုပ်ပြီးသာ ဆက်သွယ်ကြောင်း ပြောပြပါတယ်။ Alicia က ကလေးနှစ်ယောက်ကို သူမနှုတ်ခမ်းလှုပ်ရုံနဲ့ သားတွေဟာ သူမဘာပြောချင်တယ်ဆိုတာ သိရအောင် လေ့ကျင့်သင်ကြားပေးထားပါတယ်။

View this post on Instagram

Caption this

A post shared by Alicia Keys (@aliciakeys) on

ဒီနှစ်ထဲမှာဆိုရင် Alicia ဟာ ရှိုးပွဲတွေ အများကြီးဆိုဖို့ ရှိနေပါတယ်။ ဒါကြောင့် ကလေးတွေကို သူမနဲ့အတူ ရှိုးပွဲတွေသွားတဲ့အခါ ခေါ်သွားမှာပါ။ မကြာခင်မှာ သူမဟာ Alicia – The World Tour အမည်ရတဲ့ ကမ္ဘာလှည့်ရှိုးပွဲကို ဖျော်ဖြေဖို့ ရှိနေတဲ့အတွက် မြောက်အမေရိကနဲ့ ဥရောပဘက်ဆီ ခရီးထွက်ရမှာ ဖြစ်ပါတယ်။ Alicia ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အသံကိုလည်းချွေတာဖြစ်အောင်၊ မိခင်တစ်ယောက်အနေနဲ့ ကလေးတွေနဲ့ ဆက်သွယ်မှုပြုနိုင်အောင် ဖျော်ဖြေပွဲရက် မတိုင်ခင်တွေမှာ သားတွေကို နှုတ်ခမ်းဖတ်နည်း သင်ပေးခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

READ
Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အနုပညာကြေးအမြင့်ဆုံး ရရှိနေတဲ့ Emma Stone

“ကျွန်မက အသံကို ချွေတာရပါတယ်။ အချိန်တော်တော်များများမှာ ကျွန်မက စကားသိပ်မပြောနိုင်ပါဘူး။ ပြီးတော့ အိပ်ရေးဝအောင်လည်း အိပ်ရပါတယ်။ အိပ်ရေးမ၀ရင် သီချင်းကောင်းကောင်း မဆိုနိုင်တဲ့အတွက်ကြောင့်ပါ..”

“… ကျွန်မကလေးတွေက ညဘက်ဆို မအိပ်ချင်ဘူး။ တစ်ညလုံး မအိပ်ပဲ နေချင်ကြတာ။ ဒါကြောင့် ကလေးတွေလည်း အဆင်ပြေ၊ ကျွန်မလည်း အဆင်ပြေအောင် ဒီနည်းကို သုံးခဲ့တာပါ။ ကလေးတွေက ကျွန်မ နှုတ်ခမ်းကို အဓိပ္ပါယ်ဖတ်တာ အရမ်းတော်တယ်။ ကျွန်မက နှုတ်ခမ်းလှုပ်ပြီး ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို သူတို့က စာနဲ့ ပြန်ရေးပြီး အဓိပ္ပါယ်ဖော်ကြတယ်…”လို့ လည်း Alicia က ဆိုပါတယ်။ ယခုနှစ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ Alicia အတွက် (၇) နှစ်အတွင်း ပထမဆုံးပြုလုပ်တဲ့ပွဲဖြစ်ကာ ရှိုးပွဲတွေမှာ ကလေးနှစ်ယောက်တို့လည်း ပါဝင်နိုင်ကြောင်း သိရပါတယ်။

READ
sunkist ရဲ့ လိမ္မော်ရောင်နတ်သမီးလေး အေးသောင်း

လင်းလင်း (ShweMom)

SHARE