သားကိုအတွဲရှာပေးဖို့ သားဖြစ်သူရဲ့တက္ကသိုလ်ဝန်းထဲပတ်ပြီး ချွေးမရှာပုံတော်ဖွင့်ခဲ့တဲ့မိခင်

ဆယ်ကျော်သက်အရွယ်မှာတောင် ကိုယ့်ကိုကလေးလေးတစ်ယောက်ကို ဆက်ဆံပြီး ကျောင်းဝန်းအပေါက်အဝထိ အမေတွေလိုက်ပို့ပေးတာကို ဘာကြောင့်မှန်းမသိ ရှက်နေဖူးတယ်မဟုတ်လား။ အကယ်၍ ချစ်သူမရှိသေးတဲ့သင့်ကို ရည်းစားရှာပေးဖို့အတွက် အမေသာ သင်တက်နေတဲ့ တက္ကသိုလ်ကျောင်းဝန်းထဲကိုဝင်ပြီး တွေ့သမျှကောင်မလေးတွေကို “ငါ့သားနဲ့တွဲမလား” လိုက်မေးနေခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။

Towson University/Campus 2

ဒီအဖြစ်အပျက်ဟာ တကယ်မရှိဘူးလို့ မထင်လိုက်ပါနဲ့နော်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အမေရိကန်မှာနေထိုင်တဲ့ အာရှသူမေမေတစ်ဦးက တကယ်ကြီးသားတက်နေတဲ့ တက္ကသိုလ်ဝင်းထဲဝင်ကာ ရည်းစားရှာပုံတော်ဖွင့်ပေးခဲ့တာပါ။

Towson University

အမေရိကန် တက္ကသိုလ်တစ်ခုမှ လုံခြုံရေးတာဝန်ရှိသူများက ကျောင်းဝန်းအတွင်းလှည့်ပတ်သွားလာပြီး တွေ့သမျှ မိန်းကလေးတိုင်းကို စကားလိုက်ပြောနေတဲ့ အမျိုးသမီးကြီးတစ်ဦးကို ကျောင်းထဲသို့ ဆက်မလာတော့ရန် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

Maryland မှာရှိတဲ့ Towson တက္ကသိုလ်မှာ ၂၀၁၉ ဖေဖော်ဝါရီလ (၆) ရက်နဲ့ (၇) ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ကျောင်းဝန်းအတွင်း လှည့်ပတ်သွားလာနေတာကို လုံခြုံရေးကင်မရာများမှတစ်ဆင့် တွေ့ရှိခဲ့ပါတယ်။ အနုပညာအဆောင်ထဲ လျှောက်သွားနေပြီး မိန်းကလေးသုံးယောက်လောက်ကို စကားလိုက်ပြောနေခဲ့တာပါ။

Towson University

ကျောင်းသားကျောင်းသူများရဲ့ပြောကြားချက်အရ ထိုအမျိုးသမီးမှာ တက္ကသိုလ်မှာတက်နေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သူမရဲ့သားမှာ ချစ်သူရည်းစားမရှိတဲ့အတွက် ချစ်သူရှာပုံတော်ဖွင့်ပေးနေတာဖြစ်ကြောင်း သိရပါတယ်။

READ
ဂျပန်ကဘေးမဲ့ကျွန်းမှာ သမင်မနှစ်ကောင်နဲ့ ချစ်တင်းနှောဖို့ ကြိုးစားတဲ့မျောက်
Towson University/Art Centre

ကျောင်းအမှုဆောင်တွေကတော့ အခုအချိန်အထိ ထိုအမျိုးသမီးဟာ ဘယ်သူဘယ်ဝါဆိုတာ မသိကြသေးပါဘူး။ အကယ်၍ ကျောင်းဝန်းအတွင်း ထပ်မံလာခဲ့မယ်ဆိုရင်တော့ ကျောင်းအနေနဲ့ထိန်းသိမ်းကာ နောက်ထပ်မလုပ်ဖို့အတွက် ခံဝန်ထိုးခိုင်းမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Source: NY Post, Lad Bible

Penny

 

SHARE