ချစ်သူနဲ့အတူ ရိုလာကိုစတာစီးစဉ် မူးမေ့သွားတဲ့ အာဂရည်းစားကောင်လေး

ရိုလာကိုစတာဆိုတာက မစီးဖူးသေးတဲ့သူတွေအဖို့တော့ သိပ်ပြီး ကြောက်စရာမကောင်းဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် တကယ်တမ်း စီးကြည့်တဲ့အခါ တော်ရုံအသည်းငယ်သူဆို ရှူးရှူးတွေပါ ပန်းထွက်တတ်ပြီး၊ တစ်ချို့ နှလုံးရောဂါ အခံရှိသူတွေကတော့ မူးမေ့တဲ့အထိ ဖြစ်တတ်ပါတယ်။

ဒီတော့ ပင်ကိုယ် နှလုံးအားမကောင်းဘူးဆိုရင် ရိုလာကိုစတာတို့ ပင်လယ်ဓားပြတို့၊ ကောင်းကင်ရထားတို့၊ သရဲအိမ်တို့ဆိုတာ မစီးတာ မ၀င်တာပဲ ကောင်းပါတယ်။ အသက်အန္တရာယ် ရှိလို့ပါ။ အခုလည်း ရိုလာကို ချစ်သူနဲ့အတူ စီးခဲ့တဲ့ကောင်လေးဟာ ရိုလာကိုစတာ စလွှတ်တာနဲ့ ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။

ကောင်မလေးက စလွှတ်လွှတ်ချင်း ” အို ဘုရားရေ “လို့ အော်ခဲ့ပါတယ်။ ကောင်လေးကတော့ ” လုံကော လုံခြုံရဲ့လား”လို့ စိုးရိမ်တကြီးမေးခဲ့ပါတယ်။ ရိုလာကိုစတာ ခပ်ကြမ်းကြမ်း လွှတ်ချိန်မှာတော့ ကောင်မလေးက အသံကုန်အော်ခဲ့
ပြီး၊ ကောင်လေးကတော့ မူးမေ့ပြီး သတိလစ်သလိုလို ဖြစ်နေပါပြီ။

READ
ကောင်မလေးတစ်ယောက်ကို ရယ်မောအောင်ဘယ်လိုလုပ်မလဲ

ဒါကို မြင်တဲ့ သူ့ချစ်သူဟာ ကြောက်ရွံ့နေတဲ့ကြားမှာ အသံကုန်အော်ရယ်ခဲ့ပြီး ကောင်လေးရဲ့ လက်မောင်းကို ရိုက်ပြီး နှိုးပါတယ်။ ကောင်လေး ပြန် သတိလည်လာခဲ့ပြီး ” ငါ ဒီလိုပုံစံကြီး သဘောမကျဘူး “လို့ ပြောတော့ ကောင်မလေးက ”
ကျွန်မလည်း တကယ်ကြောက်တယ် “လို့ ငိုလိုက်ရယ်လိုက် ပုံစံနဲ့ ပြောခဲ့ပါတယ်။

ကောင်မလေးက ” အောက်ကို မကြည့်နဲ့လေ .. ဘယ်လောက်မြင့်တယ်ဆိုတာ ကျွန်မ မသိချင်ဘူး “လို့ ပြောခဲ့ပါတယ်။ မကြာမီမှာပဲ ” ဟ သောက်တလွဲပဲ … “ဆိုပြီး ဆဲခဲ့ပါတယ်။ နောက် ရိုလာကိုစတာ မရပ်နားခင်မှာ ပြန်ပြီး သတိမေ့သလို ဖြစ်သွားပါသေးတယ်။ ပြီးတော့မှ ” မင်းကို ချစ်တယ် … “လို့ ပြောခဲ့ပါတယ်။ ကောင်မလေးက ” အတူတူပါဘဲ … ဒါပေမယ့် ဒီလိုဖြစ်စေလို့ ဆောရီး “လို့ ပြောခဲ့ပါတယ်။

READ
အသက်ကြီးလာတဲ့အခါ အမျိုးသားအင်္ဂါမှာ မလွဲမသွေဖြစ်လာမယ့် အရာများ

မဒီလေး (Shwemom)

source : thesun.co.uk

SHARE